ပဲခူး(ဟံသာဝတီ) သမိုင်းဦးခေတ်
ရာဇဝင်တွေ အဆိုအရ မြတ်စွာဘုရား (၈) ဝါအရမှာ ဂဝံပတိမထေရ်က ပင့်လို့ ဘုရားကြွလာတဲ့ အချိန် မှာ ဟံသာဝတီ ပဲခူးဟာ ပင်လယ်ဖြစ်နေသေးတယ် တဲ့ သမိုင်းစကားနဲ့ ပြောရင် BC-6 ရာစု အလယ် ပိုင်းကာလ ဖြစ်ပါတယ်
ဆက်ပြောတာက တကယ်က ပဲခူးသာမဟုတ်ပါဘူး မြန်မာနိုင်ငံ ပယ်လယ်ကမ်းရိုးတန်းဟာ လက်ရှိနဲ့ မတူ များစွာ ကွဲပြားပါတယ်တဲ့ ဧရာဝတီ စစ်တောင်း သံလွင်မြစ်ဝကျွန်းပေါ်ဒေ တွေ မဖြစ် ပေါ် သေးပါသလို ရခိုင်ကမ်းမြောင်နဲ့ တနင်္သာရီ ကမ်းမြှောင်ဒေသ တွေဟာလည်း ပင်လယ်အောက် မှာပဲ ရှိပါသေးတယ်တဲ့
ပင်လယ်ပြင်ဟာ ပြည့်မြို့ အောက်နားထိ ရောက်ခဲ့ တယ် အနောက်ဘက်မှာ အနောက်ရိုးမ ရခိုင်ရိုးမ ကို ဆိုလိုပါတယ် ရခိုင်ရိုးမ တောင်ခြေ အလယ်ပိုင်း မှာ ပဲခူးရိုးမ တောင်ခြေ အထိ ပင်လယ်အောက်မှာ ပါတဲ့ မုတ္တမ ပင်လယ်ကွေ့ရဲ့ အနောက်မြောက်ခြမ်း ဟာ ပဲခူးမြို့တည်ရာကို ကျော်လွန်ပြီး ပဲခူးရိုးမ တောင်ခြေအထိ ရှိပါတယ်တဲ့
အရှေ့ဘက်မှာ ပေါင်းလောင် ဇင်းကျိုက် ကုလားမ ဇွဲကပင် တောင်ညိုတောင်တန်းနဲ့ တနင်္သာရီ ရိုးမ တောင်ခြေအထိ ပင်လယ်ပြင်တွေ ဖြစ်တယ် တဲ့
ဒါကြောင့်ပဲ ရှေးက ပြည် သထုံ မဒမ ထားဝယ် တနင်္သာရီ တို့ဟာ ပင်လယ်ဆိပ်ကမ်းမြို့တွေ ဖြစ်ရ ပါတယ်တဲ့
နောက်ကာလအတန်ကြာတဲ့အခါ ဟင်္သတ ပုသိမ် မြောင်းမြ သန်လျင်တို့ဟာ တဖြည်းဖြည်း ပေါ်လာ ပြီး ပင်လယ်ဆိပ်ကမ်းမြို့တွေ ဖြစ်ပြန်တယ်တဲ့
၁၅ ရာစု နှစ် အနောက်နိုင်ငံသား ကုန်သည်များရဲ့ မှတ်တမ်းများအရ ပဲခူး ဆိုတာ မုတ္တမ ပင်လယ် ကွေ့ ပေါ်မှာ ရှိတဲ့ ဆိပ်ကမ်းမြို့ ပါတဲ့။
မုတ္တမတစ်ဖက်ကမ်းဟာ ပဲခူးရိုးမ တောင်ခြေမှာ ဆုံး တယ် ပြည်နားအထိ ရောက်တယ် ဆိုထားတော့ မွန်တွေပြောတဲ့ ပထမဆုံး မြို့တော် သထုံက ရေ အောက် ရောက်နေတယ် လို့ ဆိုလိုက်တာပါ သထုံ ဆိုတာ မရှိတော့ပါဘူး မုတ္တမကမ်းဟာ ပဲခူးတောင် ကျော်သွားမှတော့ ကျိုက်ထို သထုံ ပဲခူး တဖက်က ဆို ပြည်နားထိရောက်သတဲ့။
ဟံသာဝတီ ပဲခူး ဖြစ်လာမည့် ပင်လယ်ပြင် အလယ်တွင် ကျောက်တောင်ကြီး တစ်ခုရှိသည်ရေကျချိန်တွင် ၂၃ လံ အမြင့် တွေ့မြင်ရသော် လည်း ရေတက်လို့ ရေပြည့်ချိန်တွင် အရိပ် အယောင် လောက်သာ တွေ့ရသည် လို့ ဆိုတယ်။
ဒီကျောက်တောင် မြှပ်ချည်ပေါ်ချည် ဖြစ်နေတာကို မွန်ဘာသာနဲ့ မုတောင်း လို့ ခေါ်တယ် တဲ့ နောက်ပိုင်း အဲဒီနေရာမှာ တည်တဲ့ စေတီကိုလည်း ကျိုက်မုတောင်းလို့ နာမည်ပေးခဲ့တယ်လို့ ဆိုပါ တယ် အဲဒီ ကျိုက်မုတောင်းကနေ ကျိုက်မုတော ကျိုက်မုဓေါ ယခု ရွှေမောဓေါ ဆိုပြီး ဖြစ်လာတယ် တဲ့ ။
မြတ်စွာဘုရား ၈ ဝါ တုန်းက ဒီလိုပဲ ရွှေဟင်္သာဖိုမ နားနေတာကို မြင်တဲ့အခါ ရှင်အာနန္ဒကို ဒီနေရာမှာ နောင်အခါ ဟံသာဝတီ ရာဇဌာနီ မင်းနေပြည်ကြီး ပေါ်လိမ့်မယ်လို့ ဗျာဒိတ်တော်ပေးခဲ့ တယ် လို့ ဖြေ သတဲ့ ။
ဘုရင်က မင်းဆရာကို လှေသား ၅၀၀ နဲ့ အတူ သင်္ဘောနဲ့ အဲဒီနေရာကို ရက် လနှစ်တွေ မှတ်ထားဖို့ လွှတ်တယ်တဲ့ လာရင်း ရေတက်ချိန်မို့ ဇွဲကပင်တောင်ခြေမှာ ချိတ်ဆွဲ ရပ်နားရတယ်တဲ့ အဲဒီလို ချိတ်ဆွဲရပ်နားတာကို စွဲပြီး မွန်ဘာသာနဲ့ သင်္ဘောချိတ် လို့ အမည်ရတဲ့ စကား ဂြဲကွ့င် လို့ ခေါ်ခဲ့ကြတယ်တဲ့ နောက်ပိုင်းကျတော့ ဂြဲကွ့င်ကနေ ဇွဲကပင် ဖြစ်သွားတယ်လို့ ဆိုတယ်။
ရေကျချိန် ဆက်သွား ကျောက်တောင်မှာနား မှတ် တိုင်စိုက်ပြီး အိန္ဒိယကို ပြန်ကြတယ်တဲ့ အဲဒီကနေ နှစ် ၁၆၀ ကြာတဲ့ အခါ ရွှေဟင်္သာနားတဲ့ နေရာဟာ မြေသား ပကတိဖြစ်လာတယ်လို့ ဆို တယ် AD-5 ရာစု ရောက်သွားပါပြီ မိချဲန်းခေါ် ပဲခူး ဆိုတဲ့ ဟံသာဝတီ ပြည်ကြီး မတည်ရသေးပါဘူး။
နှစ်တွေကြာတဲ့အခါ အိန္ဒိယပြန်သွားတဲ့သူတွေက ကုန်းမြေပေါ်တယ်
ကြားတော့ လူ ၇၀ နဲ့ ဒီနေရာကို စောက်ရှောက်ဖို့ စေလိုက်တယ်။
အဲဒီကုန်းမှာ ၅၆ နှစ် တိုင်တိုင် နေထိုင်ပြီ့းမှ ကုန်းမြေတပြင်လုံး ပေါ်ထွန်းတယ်တဲ့ ။
ဇင်းကျိုက်တောင်မှာ ရသေ့တပါးရှိတယ် နဂါး မင်းသားနှစ်ပါးကို ရသေ့မှာအပ်တယ် နဂါး မင်းသား နှစ်ကောင်ကို ရသေ့က ဟံသာဝတီဟာ မင်းနေ ပြည် ဖြစ်လိမ့်မယ် သွားနေကြချေ ဆိုပြီး လွှတ် တော့ နဂါးမင်းသား နှစ်ကောင်က လူ ၁၇၀ ကို ခေါ် ပြီး ဝါးဖောင် ၁၇ ဖောင်နဲ့ ဇင်းကျိုက်ကမ်းခြေကနေ ပဲခူး
ကုန်းမြေကို သွားတော့ တောချုံတွေရှင်းပြီး နေတယ်လို့  ဆိုတယ်။

No comments:
Post a Comment