ငါးသိုင်းချောင်းမြို့ဟာ
ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ်ဒေသ ဧရာဝတီမြစ်ရဲ့ မြစ်လက်တက်တစ်ခုဖြစ်သော
င၀န်မြစ်ကမ်းပေါ်တွင် တည်ရှိပါသည်။ ဧရာဝတီတိုင်း ပုသိမ်မြို့၏
အရှေ့မြောက်ဘက် (၄၈) မိုင်အကွာတွင် တည်ရှိပါတယ်… အထောက်အထားများအရ
မြန်မာဘုရင်များလက်ထက် အင်းဝခောတ်ကပင် ကျေးရွာကြီးတစ်ရွာအဖြစ်
ရှိခဲ့ကြောင်း သိရှိရပါတယ်… မြစ်ရေလျှံမှုမှ ကာကွယ်ရန် (၁၈၇၁) ခုနှစ်တွင်
ငါးသိုင်းချောင်းမြို့မြောက်ဘက် ဟင်္သာတမြို့အထက်နားမှ ငါးသိုင်းချောင်းမြို့
တောင်ဘက် သာပေါင်းမြို့နယ် ရေလည်းကြီးကျေးရွာအထိ မိုင် (၇၀)
ကျော်ရှည်လျားသော င၀န် ရေကာတာကြီးကို တည်ဆောက် ကာရံထားပါတယ်….
ငါးသိုင်းချောင်းမြို့မြောက်ဘက်၊
င၀န်မြစ်လက်တက်ခွဲ ချောင်းထဲမှာ ငါးသိုင်းငါးတွေ အမြောက်အမြားရတာကို
အစွဲပြုရာက ငါးသိုင်းချောင်းမြို့ လို့ အမည်တွင်ခဲ့တယ်ဆိုပြီး
ပုသိမ်ခရိုင်မဂ္ဂဇင်းမှာ အမျိုးသားအထက်တန်း ကျောင်းအုပ်ဆရာကြီး ဦးဘစိန်က
ရေးသားခဲ့ပါတယ်…. ငါးသိုင်းချောင်းမြို့မြောက်ဘက် င၀န်မြစ်လက်တက်ခွဲချောင်းထဲ မှာ ရှေးရှေးတုန်းက ရသေ့ကြီးတစ်ပါး ရေကသိုင်းရှုတာကို အစွဲပြုပြီး ကသိုင်းချောင်းလို့ ခေါ်ဝေါ်ခဲ့ရာမှ ကာလရွေကလျားပြီး
ငါးသိုင်းချောင်း ဖြစ်လာတာလို့ ပါးစပ်ရာဇ၀င် ရှိခဲ့ပါတယ်…
ရှေးယခင်က ငါးသိုင်းချောင်းမြို့ မြောက်ဘက်ကနေ အနောက်နဲ့ အရှေ့ကို ဖြတ်စီးတဲ့ င၀န်မြစ်လက်တက်ခွဲတစ်ခု ရှိခဲ့ပါတယ်… ၎င်းဟာ ပန်းတောရွာ (ယခု ရေကြည်မြို့) ကိုဖြတ်လျက် ကျုံပျော် ခဲပေါင်ဘက်မှ ဒါးကမြစ်ထဲသို့ စီးဝင်သွားပါတယ်… ထိုအချိန်က င၀န်ရေကာတာ မရှိခြင်း၊ ပုသိမ် ဟင်္သာတ မီးရထားလမ်း မရှိတဲ့အတွက် င၀န်မြစ်လက်တက်ခွဲတစ်ခု မြို့မြောက်ဘက်မှာရှိခဲ့ပါတ ယ်…
အင်္ဂလိပ်တွေဟာ ၁၈၆၉ ခုနှစ်မှ ၁၈၇၁ ခုနှစ်အထိ င၀န်ရေကာတာကို
ဟင်္သာတမြို့အထက်နားမှ မိုင်တိုင်နံပါတ် (၁) မိုင်မှ စတင်၍ သာပေါင်းမြို့နယ်
ရေလဲကြီးရွာအထိ မိုင်တိုင်နံပါတ် (၇၅) မိုင်ကို ကာရံခဲ့ခြင်း၊ ၁၉၀၃
ခုနှစ်တွင် ပုသိမ်၊ ဟင်္သာတ မီးရထားလမ်းကို ဖောက်လုပ်ခဲ့ခြင်းတို့ကြောင့် ငါးသိုင်းချောင်းမြို့မြောက်ဘက်မှ ဖြတ်စီးသွားသော င၀န်မြစ်လက်တက်ခွဲ ပန်းတောချောင်း (ရေကြည်ချောင်း) တိမ်ကော ပျောက်ကွယ်ခဲ့ပါတယ်…
ဗြိတိသျှနယ်ချဲ့အစိုးရသည် (၁၈၅၂) ခုနှစ်တွင် မြန်မာနိုင်ငံကို ဒုတိယကျူးကျော်စစ် ဆင်နွှဲပြီး အောက်မြန်မာနိုင်ငံကို ကိုလိုနီပြုခဲ့ပါတယ်… အောက်မြန်မာနိုင်ငံ ဗြိတိသျှလက်အောက် ကျရောက်သောအခါ သီပေါဘုရင်၏ တပ်ဗိုလ်၊ တပ်မှူးများဖြစ်ကြသော ကျားဗိုလ်၊ ဗျိုင်းဗိုလ်၊ ဓါးဗိုလ်၊ ရွှေလှံဗိုလ် (မြန်မာ့သမိုင်း ပထမတွဲ - ဦးလေးမောင် ၉၄) စသော မျိုးချစ်ပုဂ္ဂိုလ်များသည် အောက်မြန်မာနိုင်ငံ ငါးသိုင်းချောင်းနယ်မြေ၊ ရခိုင်ရိုးမကို ကျောထောက်နောက်ခံပြုလျက် သူ့ကျွန်မခံလိုသော စိတ်ဓါတ်ဖြင့် နယ်ချဲ့အင်္ဂလိပ်တို့အား ပုသိမ်ခရိုင်အတွင်း နေရာအနှံ့တိုက်ခိုက်နေခဲ့သည်။
နယ်ချဲ့အင်္ဂလိပ်တို့သည် တော်လှန်ရေး အင်အားစုများကို ခုခံတိုက်ခိုက်ရန် အခြေခံကျသော နယ်မြေအဖြစ် ငါးသိုင်းချောင်းဒေသကို ရွေးချယ်သတ်မှတ်ခဲ့သည်။ ထို့ကြောင့် ငါးသိုင်းချောင်းဒေသကို ပုသိမ်ခရိုင်စီရင်စုအတွင်း (၁၈၅၇) ခုနှစ်မှ စတင်၍ ငါးသိုင်းချောင်းမြို့ကို မြို့နယ်အဆင့် အုပ်ချုပ်ရေးယန္တရားဖြင့် အုပ်ချုပ်စေခဲ့သည်…. (ပထ၀ီဝင်ချုပ် - အမေရိကန်မစ်ရှင် (၁၈၇၄)၊ ပုသိမ်ခရိုင်ဝန် (အရေးပိုင်)သည် ပုသိမ်မြို့တွင် (၁၅) ရက်၊ ငါးသိုင်းချောင်းမြို့တွင် (၁၅) ရက်၊ (၁၈၆၂) ခုနှစ်အထိ ပုသိမ်ခရိုင်ခွဲနယ်အဖြစ် (၅) နှစ်တိုင် ရုံးထိုင်အုပ်ချုပ်ခဲ့သည်)…
ထိုစဉ်က ငါးသိုင်းချောင်းမြိုကတွင် နယ်ပိုင်၊ မြို့ပိုင်၊ စက်ရှင်တရားသူကြီး၊ တာဝန်ထောက်၊ ရဲဝန်ထောက်၊ ပုလိပ်ဌာန၊ ငွေတိုက်နှင့်ထောင်၊ စာတိုက်နှင့် ကြေးနန်းဆက်သွယ်ရေးရုံး၊ ရာဇ၀တ်ဝန်ထောက်နှင့် စစ်ဗာရီ (၁၅၀) ခန့် အမြဲတန်း ချထားခဲ့သည်။ ငါးသိုင်းချောင်းမြို့ကို (၁၈၆၂) ခုနှစ်မှ (၁၈၉၈) ခုနှစ်အထိ ၃၆ နှစ်အတွင်း နယ်ပိုင်ရုံးစိုက် အုပ်ချုပ်ခဲ့ပြီး (၁၈၉၈) ခုနှစ်မှ (၁၉၂၃) ခုနှစ်အထိ ၂၅ နှစ်မှာ မြို့နယ်ရုံးစိုက် အုပ်ချုပ်ခဲ့သည်။
သမိုင်းအထောက်အထားအရ တစ်ချိန်က ငါးသိုင်းချောင်းမြို့ကို မြို့နယ်အဆင့် (၆၆) နှစ်တိုင် အုပ်ချုပ်ခဲ့သော မြို့တစ်မြို့ဖြစ်ခဲ့ပါတယ်… . ထို့အပြင် မြို့နယ်ပြည်သူ့ဆေးရုံ၊ မြို့မြူနီစပယ်ဈေးကြီးတိုက ရှိခဲ့ပါတယ်…. မြို့မြူနီစပယ်အဖွဲ့ကို (၁၈၇၈) ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ကြောင်း သိရှိခဲ့ရပါတယ်….
၁၉၂၀ ပြည့်နှစ်နောက်ပိုင်းမှာ ငါးသိုင်းချောင်းနယ်မြေသည်လ ည်း
နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသားလှုပ်ရှားမှု ပြင်းထန်သော ဒေသတစ်ခု
ဖြစ်လာခဲ့သည်…. နယ်ချဲ့တို့သည် အမျိုးသားရေး လှုပ်ရှားမှုများကြောင့်
ငါးသိုင်းချောင်းမြို့ကို မြို့နယ်အဆင့်အုပ်ချုပ်ရေးမှ
နှိမ့်ချရန် အခွင့်စောင့်နေစဉ် ၁၉၂၃ ခုနှစ်၊ (၁၂၈၅) ခု ဒုတိယ ၀ါဆိုလဆန်း
(၈)ရက်နေ့ ညနေ (၅) နာရီခန့်တွင် မြို့မြောက်ဘက် မအူကုန်းကျေးရွာနှင့်
ဗောဓိကုန်းကျေးရွာအကြားမှ င၀န်တာတမံ ကျိုးပေါက်ခဲ့ပါတယ်…
မြို့နယ်အုပ်ချုပ်ရေးရုံးများကို
ပြောင်းရွှေ့ပြီး ယခုလက်ရှိ ဘောလုံးကွင်းနေရာတွင် ဆောက်လုပ်ရန်
အင်္ဂလိပ်အရေးပိုင် မေဂျာရောဘတ်က မြို့မြူနီစပယ်အဖွဲ့သို့ တောင်းခံခဲ့ရာ
နယ်ချဲ့အင်္ဂလိပ်ကို ဆန့်ကျင်လိုသော အမျိုးသားရေးစိတ်ကို ရှေ့တန်းတင်ကာ
ပြင်းပြင်းထန်ထန် ဆန့်ကျင်ငြင်းဆိုခဲ့ပါတယ်… အခွင့်ကောင်းကို စောင့်နေတဲ့
အရေးပိုင်လည်း မြို့နယ်အုပ်ချုပ်ရေးရုံးများကို
ထိုနှစ်မှာပင် ရေကြည်မြို့သို့ ပြောင်းရွှေ့ကာ ငါးသိုင်းချောင်းမြို့၏
အုပ်ချုပ်ရေးအဆင့်ကို နှိမ့်ချလျက် ထက်ထောက်မြို့ပိုင်ရုံးသာ ထားရှိပါတယ်…
င၀န်မြစ်ကို အားပြုပြီးတော့ မြစ်ရိုးတစ်လျှောက်မှာ မြို့တွေ၊ ရွာတွေ ပေါ်ပေါက်ခဲ့ပါတယ်… ငါးသိုင်းချောင်းမြို့ဟာ င၀န်မြစ်ကမ်းကို အမှီသဟဲပြုပြီးတော့ ထင်ရှားလာတဲ့ မြို့ဖြစ်ပါတယ်… င၀န်မြစ် ရေကာတာ ကျိုးပေါက်လို့ ငါးသိုင်းချောင်းဟာ မြို့နယ်အဆင့် အုပ်ချုပ်ရေးကနေ လက်လွှတ်ဆုံးရှုံးရတယ်လို့ တစ်ချို့တွေက မြင်ကြပါတယ်…
ရှေးမြန်မာဘုရင်များလက်ထက်နဲ့ အင်္ဂလိပ်အစိုးရလက်ထက်တစ်လျှောက်
ခောတ်အဆက်ဆက် သယ်ယူပို့ဆောင်ရေး၌ ရေလမ်းကိုသာ အားကိုးအားထား
ပြုခဲ့ကြရပါတယ်… အေဒီ ၈၀၆ ခုနှစ် စစ်ကိုင်းမြို့ ထူပါရုံကျောက်စာတွင်ပါသော
ဟိန်ပိုမြစ် စသည့် အမည်များမှာ ဤင၀န်မြစ်ပင် ဖြစ်မည်ဟု ဆရာကြီး ဦးမာဃ၏
မှတ်တမ်းတွင် တွေ့ရှိခဲ့ရပါသည်။ င၀န်မြစ်ကြောင့် ငါးသိုင်းချောင်းမြို့သည်
ဂုဏ်ယူဖွယ်ရာတွေ ရှိခဲ့ပါသည်။
ဟိုးရှေးယခင်က မြန်မာဘုရင်များသည် နိုင်ငံခြားတိုင်းပြည်များကို
သွားရောက်သည့်အခါ နိုင်ငံခြား သင်္ဘောဆိပ်ကမ်း ပုသိမ်မြို့သို့
ဧရာဝတီမြစ်အတိုင်း စုန်ခဲ့ပြီး င၀န်မြစ်ကြောင်းအတိုင်း
ငါးသိုင်းချောင်းမြို့ကဖြတ် ၍
ပုသိမ်မြို့မှတစ်ဆင့် နိုင်ငံခြားသို့ သဘောင်္ကြီးများဖြင့် သွားလာခဲ့ရသည်။
နိုင်ငံခြားမှ ဧည့်သည်သံအဖွဲ့ဝင်များ ပုဂံမင်းနေပြည်တော်သို့
သွားလျင်ပင်လယ်ဆိပ်ကမ်းမြို့  ပုသိမ်မှတစ်ဆင့် င၀န်မြစ်အတိုင်း ငါးသိုင်းချောင်းမြို့ကဖြတ် ၍ ဧရာဝတီမြစ်အတိုင်း ဆန်၍သွားရပါသည်။
င၀န်မြစ်ကြောင်းတလျှောက် မြို့ရွာ အများစုမှာ င၀န်မြစ်ကို အမှီသဟဲပြုပြီး တိုးတက်လာခြင်း ဖြစ်ပါသည်။ အနီးစပ်ဆုံး ဥပမာကိုပြရလျင် ဧရာဝတီတိုင်းအတွင်းရှိ ခရိုင်ဝန်ရုံးဆိုင်ရာ ပုသိမ်-ဟင်္သာတ-မြောင်းမြ-ဖျာ ပုံ-မအူပင် ခရိုင်မြို့ကြီးများသည် ဧရာဝတီမြစ်ကို အမှီသဟဲပြု၍ တည်ရှိလာကြောင်း ထင်ရှားပါတယ်…
ဒါ့ကြောင့် ပုသိမ်နှင့် ဟင်္သာတခရိုင်ခွဲနယ်တစ်ခု သတ်မှတ်လိုသောအခါ င၀န်မြစ်ကို အမှီသဟဲပြု တည်ရှိနေသော ငါးသိုင်းချောင်းမြို့ကို ခရိုင်ခွဲနယ်အဖြစ် သတ်မှတ်ခဲ့ခြင်း ဖြစ်ပါတယ်.. င၀န်မြစ်ရေကြီးလို့ င၀န်ရေကာတာ ကျိုးပေါက်လို့ မြို့နယ်အဆင့် ပျောက်ကွယ်သွားခဲ့တာ မဟုတ်ပဲ နယ်ချဲ့အင်္ဂလိပ်ကို ဆန့်ကျင်တဲ့ မျိုးချစ်စိတ်ဓါတ် ရှင်သန်ထက်မြက်လွန်းတဲ့ မြို့ဖြစ်လို့ အင်္ဂလိပ်ရဲ့ နှိမ်ချခြင်း၊ ချိုးနှိမ်ခြင်းလုပ်ရပ်ကြော င့်သာ ငါးသိုင်းချောင်းမြို့ဟာ မြို့နယ်အဆင့်မှ ဆုံးရှုံးခဲ့တာပါ….
ငါးသိုင်းချောင်းမြို့ဟာ တောင်ဘက်တွင် သာပေါင်းမြို့နယ်၊ အနောက်ဘက်တွင် ရခိုင်ပြည်နယ် ဂွမြို့နယ်.. အရှေ့ဘက်တွင် ရေကြည်မြို့နယ်… မြောက်ဘက်တွင် လေးမျက်နှာမြို့နယ်တို့နှင့်
ထိစပ်လျက်ရှိပါသည်။ မြို့ပေါ်တွင် ရပ်ကွက်ကြီး ၆ ရပ်ကွက်ဖြင့်
ဖွဲ့စည်းထားပြီး မြို့အကျယ်အ၀န်းမှာ ၄.၂ စတုရန်းမိုင် ရှိပါသည်။
ငါးသိုင်းချောင်း မဲဆန္ဒနယ်တွင် ကျေးရွာအုပ်စု (၄၃) အုပ်စုရှိပြီး
ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၂) ခုပေါင်း အကျယ်အ၀န်းမှာ (၁၉၅)
စတုရန်းမိုင်ရှိပါသည်….
ငါးသိုင်းချောင်းမြို့မှ ပုံမှန်ပြေးဆွဲနေသော ဧရာဝတီ နှစ်ထပ်သင်္ဘော (၁၈၈၂ ခုနှစ်တွင် စတင်ပြေးဆွဲပါသည်) များမှာ သားပေါင်း - ပုသိမ် - မြောင်းမြ - လပ္ပတ္တာမြို့များအထိ အသွားအပြန် ခရီးသည်နှင့် ကုန်ပစ္စည်းများ ပုံမှန်သယ်ယူပြေးဆွဲလျက်ရှိ ပါသည်။ တောင်ဘက်သို့ မြစ်ဝကျွန်းပေါ်အရပ်ရပ်သို့ လည်းကောင်း မြောက်ဘက်သို့ ဧရာဝတီမြစ်ကြောင်းမှတစ်ဆင့် အညာဒေသသို့ လည်းကောင်း အစုံအဆန် ရေကြောင်းမှ သွားလာရောင်းဝယ်လျက်ရှိပါသည်…
ငါးသိုင်းချောင်းမြို့ ကျက်သရေဆောင် င၀န်မြစ်ကူးတံတားကို ၁၉၈၇ ခုနှစ်တွင် တည်ဆောက်ခဲ့သည်။ ငါးသိုင်းချောင်း - ဂွ - ကမ်းသာယာ - သံတွဲ၊ ငါးသိုင်းချောင်း - ပြည် - မင်းဘူးစက်တော်ရာ - မုံရွာသို့ ဆက်သွယ်သွားလာနိုင်ပါတယ်… ငါးသိုင်းချောင်းမြို့ဟာ ပုသိမ် - မုံရွာ ရေဦး လမ်းမကြီးပေါ်မှာ တည်ရှိပြီး (၃၅၅) မီတာ ရှည်လျားတဲ့ င၀န်မြစ်ကူးတံတားမှာ ငါးသိုင်းချောင်းမြို့ဘက်မှ စတင်ပြီး မြစ်ရဲ့ အနောက်ဘက် သရက်ချောင်းရွာဘက်ခြမ်းမှာ အဆုံးသတ် ဖြတ်ကျော်တည်ဆောက်ထားပါတယ်… .
ဂျပန်နဲ့ မြန်မာ ချစ်ကြည်ရေး ပူးတွဲတည်ဆောက်ခဲ့တာ ဖြစ်လို့ င၀န်မြစ်အရှေ့ပိုင်းက ဂျပန်ဒီဇိုင်းဖြစ်ပြီး၊ င၀န်မြစ် အနောက်ဘက်ပိုင်းဟာ မြန်မာဒီဇိုင်းဖြစ်တဲ့အတွက်
မတူညီတဲ့ ပုံစံနှစ်ခုကို ဆက်စပ် တည်ဆောက်ထားလို့ ထူးထူးခြားခြား
မြန်မာပြည်မှာ ဒီဇိုင်းဆုရတဲ့ တစ်ခုတည်းသော တံတားလည်း ဖြစ်ပါတယ်…
ရခိုင်ပြည်နယ်နဲ့ အနီးဆုံးပြည်မမြို့ဖြစ်ပြီး ငါးသိုင်းချောင်း - ဂွလမ်းမှာ (၅၁) မိုင်သာ ရှည်လျားပါတယ်… မှန်လုံခရီးသည်တင်ကားကြီးများ… ပြည်နယ် ပြည်မထွက်ကုန် ပစ္စည်းများ သယ်ယူသည့် ကုန်တင်ကားကြီးများ နေ့ညမပြတ် သွားလာပြေးဆွဲလျက်ရှိပါတယ်… .
ငါးသိုင်းချောင်းမှ ပုသိမ်မြို့သို့ ၅၉ မိုင်၊ ဟင်္သာတမြို့သို့ ၄၈ မိုင်၊ ရန်ကုန်မြို့သို့ ၁၀၄ မိုင်၊ ပြည်မြို့သို့ မိုင် ၁၀၀ ကျော်သာ ကွာဝေးပြီး အလွယ်တကူ သွားလာနိုင်ပါတယ်…. ငါးသိုင်းချောင်းမြို့ရဲ့ အနောက်ဘက် ၂၁ မိုင်အကွာ အနောက်ရိုးမပေါ်ရှိ ခရင်ဝါးတောကြီးမှာ အရှေ့တောင် အာရှတွင် အကျယ်ဝန်းဆုံး ၀ါးတောဟု သိရပါတယ်… ငါးသိုင်းချောင်းဒေသက ဇီးကုန်းငါးသလောက်၊ ကွင်းချောင်းငပိ၊ ကျောက်ချောင်း ထန်းလျက်တို့ကတော့ ငါးသိုင်းချောင်းသူ ငါးသိုင်းချောင်းသားတို့ အသည်းစွဲပဲ ဖြစ်ပါတယ်…..
ငါးသိုင်းချောင်းမြို့အမည်တွင်ပုံ
ငါးသိုင်းချောင်းမြို့ဆိုတာ
င၀န်မြစ်ကမ်းနံဘေးက အေးချမ်း ဆိတ်ငြိမ်တဲ့ မြို့လေးတစ်မြို့ပါပဲ...
ရှေးလူကြီးသူမတွေကတော့ ငါးသိုင်းတွေ ပေါတဲ့ ချောင်းဘေးက မြို့မို့လို့
ငါးသိုင်းချောင်းလို့ ခေါ်တာလို့လည်း ပြောကြတယ်... ဒေါက်တာသန်းထွန်းကတော့
ငါးသိုင်းချောင်းဆိုတာ တံငါရွာလေး တစ်ရွာအနေနဲ့က စတည်ခဲ့တာလို့တော့
ပြောတယ်...
ငါးသိုင်းချောင်းမြို့မှာ တန်ခိုးကြီး လောကမာရဇိန် စေတီတော်မြတ် ရှိတယ်၊ ဟိုး ကမ္ဘာစစ်လက်ကျန် မီးသတ်ကားရှိတယ်... ဂျပန် မြန်မာ ဖက်စပ် ဆောက်ထားတဲ့ ဂျပန်ပြည်က ဒီဇိုင်းဆုရထားတဲ့ င၀န်မြစ်ကူးတံတား ရှိတယ်... လှပတဲ့ င၀န်မြစ်ရဲ့ မြစ်ကျိုးအင်းကြီးလည်း ရှိပါတယ်.. တရုတ်ပြည်မကြီးက ပင့်လာတဲ့ တစ်ခုတည်းသော ကွမ်တေ့ရာကုန်း ဘိုးတော် ရုပ်ပွားတော် ရှိတဲ့ နေရာလည်း ဖြစ်ပါတယ်.....
ငါးသိုင်းချောင်းမြို့ဟူသည်
ငါးသိုင်းချောင်းမြို့နယ်သား
သမိုင်းဆရာကြီး ဒေါက်တာသန်းထွန်းက သူ၏ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိတွင်
“အင်္ဂလိပ်က အောက်မြန်မာနိုင်ငံ ပဲခူးနယ်ကို သိမ်းပိုက်ပြီး ၁၈၆၉ စူးအက်
(Suez Canal) တူးမြောင်းတူးတဲ့ အချိန်လောက်က င၀န်မြစ် အရှေ့ဘက်ကမ်းကို
တာဖို့ပြီး လယ်လုပ်စေလို့ နှစ်စဉ်ရေလွှမ်းမိုးတဲ့ ဒုက္ခက ကင်းလွတ်ပြီး
တံငါရွာလေး ငါးသိုင်းချောင်းဟာ မြို့ဖြစ်ပြီး မြို့ပိုင်ရုံးစိုက်တယ်” ဟု
မိန့်ဆိုပါသည်။
ငါးသိုင်းချောင်းမြို့၏ လက်ရှိဈေးအပြင်ဘက်ရှိ တာဝိုင်းနှင့် ကျွန်းဦးကျောင်းအနီး ရှမ်းတောတာရိုးတို့ ဆုံရာထောင့်တွင် ယိုယွင်းနေသော ရှေးဟောင်း စေတီတော်ကြီးတစ်ဆူ ယခုတိုင် ရှိနေပါသည်။ ထိုဂူဘုရားကြီးကို ငါးသိုင်းချောင်းမြို့သားတို့က ရွှေဂူစံစေတီတော်ကြီးဟု ဘိုးစဉ်ဘောင်ဆက် ခေါ်ကြပါသည်။ စေတီတော်ကြီးမှာ မုခ်ဝ (၄) ခုရှိသော ဂူဘုရားကြီးဖြစ်ပါသည်။
စာရေးသူတို့ ငယ်စဉ် ၁၉၅၂ ခုနှစ်ခန့်က စေတီတော်ကြီး၏ မုခ်ပေါက်တို့သည် (၁၂) ပေခန့် မြင့်သော်လည်း ယခုအခါတွင်မူ နှစ်ပေါင်းများစွာ နှစ်စဉ်နှစ်ဆက် တက်လာသည့်မြစ်ရေမှ ကျန်ခဲ့သော နုန်းမြေ အထပ်အလွှာတို့က လိုဏ်ဂူတော်ကို ပိတ်ဆို့၍နေပြီ ဖြစ်ပါသည်။
ထိုစေတီတော်ကြီးတွင် သမိုင်းဆရာများ အလေးထား၍ လေ့လာသင့်သော အရာတစ်ခုရှိပါသည်။ ထိုအရာမှာ စေတီတော်ကြီး၏ ထီးတော်ပင် ဖြစ်ပါသည်။ ထီးတော်မှာ သံထီးမဟုတ်ပါ။ အုတ်ဖြင့်စီ၍ ပုံဖော်ထားသော (အုတ်ထီးကို အပြင်မှ အင်္ဂတေကိုင်ထားသည့်) အုတ်ထီးတော် ဖြစ်ပါသည်။ စာရေးသူငယ်စဉ်က ထိုအုတ်ထီးတော်၏ အောက်ခြေသည် မျက်နှာစာ လေးဘက်လုံးတွင် ရှိနေသော်လည်း ယခုအခါတွင်မူ ကမ်းနားတာဝိုင်းရှိရာ တောင်ဘက် မျက်နှာစာဘက်တွင်သာ ကျန်ရှိနေပါသည်။
မြန်မာရှေးဟောင်းသုတေသီများ နှင့်
သမိုင်းပညာရှင်များသည် စေတီတော်တစ်ဆူ၏ သက်တမ်းကိုသိလိုပါက
စေတီတော်၏ထီးတော်သည် “အုတ်ထီဒလော၊ သံထီးလော” ဟု ရှေးဦးစွာ သုံးသပ်ရပါသည်။
စေတီတော်များတွင် သံထီးတင်သောဓလေ့မှာ နှောင်းခောတ်မှ ဖြစ်ပေါ်လာသည့် ဓလေ့
ဖြစ်ပါသည်။ အလွန်ရှေးကျသော ရှေးခောတ်ဟောင်းများမှ စေတီတော်များ၏
ထီးတော်များမှာ အုတ်ထီးများသာ ဖြစ်ပါသည်။
ပုဂံမြို့ဟောင်းရှိ ရှေးဟောင်း စေတီတော်များ၏ မူလထီးတော်များမှာ အုတ်ထီးများပင် ဖြစ်ပါသည်။ အချို့သော ရှေးဟောင်းပုဂံစေတီတော်များ တွင်
ယခုအခါတွင် သံထီးများရှိသော်လည်း ထိုသံထီးများမှာ မူလအုတ်ထီးကို မိုး၍
နောက်မှ တင်လှူသည့် ထီးများပင် ဖြစ်ပါသည်။ ဥပမာအားဖြင့် ပုဂံဘုရားပုထိုး
အဆူဆူများအနက် ဗူးဘုရားကို ရှေးအကျဆုံးသော ဘုရားဟု သုတေသီများ
အသိအမှတ်ပြုကြပါသည်။ အကြောင်းမှာ ထိုစေတီတော်၏ (အင်္ဂတေကိုင်ထားသော)
မူလအုတ်ထီးကို ယခုတိုင် အထင်အရှား တွေ့နိုင်သောကြောင့် ဖြစ်ပါသည်။
ငါးသိုင်းချောင်း၏ ရွှေဂူစံဘုရားကို တည်သောကာလသည် တောင်ခောတ်ဦးပိုင်းထက် နောက်ကျခဲ့ပါလျင်လည်း ၁၈၆၉ ခုနှစ်ထက် စောရမည်မှာ သေခြာပါသည်။ အုတ်ထီးရှိသော စေတီမှန်လျင် ၁၈၆၉ ခုနှစ်မတိုင်မီ တည်သည်သာ ဖြစ်ရပေမည်။ ၁၈၆၉ ခုနှစ်တွင် ငါးသိုင်းချောင်းသည် တံငါရွာလေး ဖြစ်နေပါက ထိုရွာလေးမှ တံငါတို့တွင် ရွှေဂူစံကဲ့သို့သော ဂူဘုရားကြီးကို တည်နိုင်လောက်သည့် စီးပွားရေး တောင့်တင်းမှု ရှိနေမည်မဟုတ်ပါ။
ငါးသိုင်းချောင်းမြို့ ရွှေတောင်ကျောင်း ပရ၀ုဏ်အတွင်းတွင် ယခုလက်ရှိ စိန္တာမုနိစေတီတော်ကို တည်ရန်အတွက် ထိုနေရာတစ်ဝိုက်ရှိ ရှေးဟောင်းစေတီတော် ငါးဆူကို ငါးသိုင်းချောင်းဂေါပက အမှုဆောင်အဖွဲ့က လွန်ခဲ့သော (၂၅) နှစ်ခန့်က ပြန်လည်ရှင်းလင်း ပင့်ဆောင်ခဲ့ပါသည်။
ထိုသို့ ရှင်းလင်းသောအခါ စေတီတော် တစ်ဆူအတွင်းတွင် တွေ့ရသော အလှူကမ္ဗည်းတွင် “သက္ကရာဇ်ကောဇာ၊ ၁၂၀၀ ၀ယ်၊ စွန်းပါခြောက်နှစ်၊ နှင်းဝတ်စိုရွှဲ၊ တပို့တွဲဝယ်၊ စန်းမူပုဏ္ဏမီ၊ သက္ကရာဇ်ဆီဝယ်၊ ရွှေသိုင်းမြို့သူကြီး ဘုရားဒါယကာ ဦးဖိုးလည်၊ ဘုရားဒါယိကာမ ဒေါ်ရွှေဦး၊ သားဦးခေါ်ရန်၊ မောင်ရွှေဉာဏ်နှင့်၊ သမီး မမင်းသွယ်၊ သီဝယ်တွင်စု၊ မ၀ါဥတို့၊ ပြုစုတည်ထား၊ ကုသိုလ်အားကြောင့်၊ လူ့ရွာနတ်ပြည်၊ စုန်တုန်လူးတာ၊ ဖြစ်တုန်ပါ၍၊ ဖြစ်ငြားသံသရာ၊ ဘ၀မကြာပဲ၊ မိတေးရှင်အား ဖူးရပါ၍ မဂ်ဖိုလ်နိဗ္ဗာန် ရစေသော်” ဟု ရေးထားပါသည်။ ထိုကမ္ဗည်းစာအရ မြန်မာသက္ကရာဇ် ၁၂၀၆ ခုတွင် ငါးသိုင်းချောင်းသည် မြို့တစ်မြို့အဖြစ် ရှိနေသည်မှာ ထင်ရှားပေသည်။
ငါးသိုင်းချောင်းမြို့ ဂေါပက အမှုဆောင်အဖွဲ့ကပင် ရှင်းလင်းပင့်ဆောင်သော စေတီများတွင် ဉာဏ်တော် (၄၅) တောင်ရှိ အမြင့်ဘုးရားဘွဲ့ခံ မြေစိုက်စေတီတော် တစ်ဆူရှိခဲ့ပါသည်။ ထိုစေတီ၏ ဌာပနာတိုက်မှလည်း ရွှေပေလွှာတစ်ခုကို တွေ့ခဲ့ကြပါသည်။
ထိုရွှေပေလွှာတွင်လည်း “မြို့သူကြီး ဦးရွှေညိုနှင့် မယ်ခိုမောင်နှံ သစ္စာပန်၍ ၁၁၁၁ သက္ကရာဇ်တွင် အမြင့်ဘုရားတည်ကြောင်းပြုသည်
နတ်လူသာဓုခေါ်စေသော်” ဟု ရေးထိုးထားသည့် ကမ္ဗည်းစာရှိပါသည်။
ထိုကမ္ဗည်းစာအရလည်း မြန်မာသက္ကရာဇ် ၁၁၁၁ ခုနှစ် ခရစ်နှစ် ၁၇၄၉ ခုနှစ်က
ငါးသိုင်းချောင်းသည် တံငါရွာလေး မဟုတ်သည်သာမက ဉာဏ်တော် (၄၅) တောင်ရှိသည့်
စေတီတော်ကြီးကို ဆောက်လုပ်လှူဒါန်းနိုင်သော မြို့သူကြီး အုပ်ချုပ်သည့်
မြို့တစ်မြို့ ဖြစ်နေသည်မှာလည်း ထင်ရှားပါသည်။
ငါးသိုင်းချောင်း ဂေါပက အမှုဆောင်အဖွဲ့က ရှင်းလင်း ပင့်ဆောင်သော စေတီငါးဆူအနက် တစ်ဆူမှာ ကုလားကျောင်းခံ၍ ထည်ဆောက်ထားသည့် ဂူဘုရားကြီး ဖြစ်ပါသည်။ ထိုဂူဘုရားကြီးအတွင်းရှိ အခြေအုတ်ခံ ရုပ်ပွားတော်ကြီး၏ ပလ္လင်တွင် “ဘုရားဒကာ မင်းရဲကျော်စွာ သာသနာ ၂၂၅၅” ဟု ကမ္ဗည်းထိုးထားပါသည်။
မင်းတရား ရွှေထီးသည် မြန်မာသက္ကရာဇ် ၉၀၇ ခုနှစ်တွင် ရာဇဘိသေက ခံတော်မူ၏။ ထိုနှစ်တွင် မင်းတရား ရွှေထီး၏ မွန်၊ ဗမာ တပ်တော်များသည် ရခိုင်သို့ ချီရာတွင် မင်းတရားရွှေထီးက ရေကြောင်းချီ၍ ဘုရင့်နောင် ကျော်ထင်နော်ရထာက ကြည်းကြောင်း ချီပါသည်။ ဘုရင့်နောင် ကျော်ထင်နော်ရထာနှင့် လိုက်ပါလာသော ကြည်းကြောင်းချီ တပ်တော်များကို ဖော်ပြရာတွင် “အစုတ်မြို့စား သမိန်ရဲတတပ်” ဟု မှန်နန်းရာဇ၀င်တော်ကြီးတွင် ဖော်ပြ ပါရှိပါသည်။
မှန်နန်းရာဇ၀င်ထက် ရှေးကျသော ဦးကုလား မဟာရာဇ၀င်တော်ကြီး၏ သက်ဆိုင်ရာ အခန်းတွင်လည်း ဤအတိုင်းပင် တွေ့ရပါသည်။ ထို့ကြောင့် မြန်မာသက္ကရာဇ် ၉၀၇ ခုနှစ်တွင် အသုတ် (ရှေးမွန်အခေါ် အစုတ်) သည် မြို့တစ်မြို့ဖြစ်နေပါလျင် အသုတ်နှင့် ၁၄ မိုင်ခန့်သာဝေး၍ အသုတ်နှင့် ကျောထောက်နောက်ခံ နယ်မြေသဘာဝ တူညီ၍ ငါးသိုင်းချောင်းမှ ရှေးဟောင်းဘုရားစေတီတော်တို့ သည် အသုတ်မြို့ ရှေးဟောင်းဘုရားစေတီများထက် ရှေးကျလျင်သာ ကျမည်ဖြစ်၍ နောက်မကျနိုင်သည်ကို တွေ့ရပါမည်။
ငါးသိုင်းချောင်းမြို့ ကျွန်းဦးကျောင်းမှ ရှင်ပင်ဇိနဘွဲ့ခံ ဆင်းတုတော်ကြီးနှင့် ကျွန်းဦးကျောင်း မြေစိုက်အုတ်ကျောင်းကြီးတွင်ရှိသော ပန်းပုလက်ရာတို့ကို အသုတ်မြို့ရှိ အလားတူ ကျောင်းကန်ဘုရားများနှင့်လည်းကောင်း၊ ထိုကျောင်းကန်များတွင် တွေ့နိုင်သည့် ပန်းပုလက်ရာများနှင့်လည်းကောင်း လေ့လာကြည့်ပါက အသုတ်နှင့် ငါးသိုင်းချောင်းတို့သည် ခောတ်ပြိုင်မြို့များ ဖြစ်ခဲ့သည်ကို အသိအမှတ်ပြုရပါမည်။
ပုသိမ် (၃၂) မြို့စစ်တမ်းနှင့် ငါးသိုင်းချောင်း
ဗဒုံမင်းခေါ် ဘိုးတော်ဘုရားလက်ထက် သက္ကရာဇ် ၁၁၄၅ ခုနှစ် ၁၁၆၄ ခုနှစ်များတွင် ကောက်ယူသည့် ပုသိမ် (၃၂) မြို့စစ်တမ်းတွင် ငါးသိုင်းချောင်း မပါဝင်သဖြင့် သုတေသီအချို့က ထိုနှစ်ကာလများတွင် ငါးသိုင်းချောင်းသည် မြို့တစ်မြို့မဟုတ်ဟု ယူဆလိုကြသည်။ သို့သော် အထက်တွင် တင်ပြခဲ့သော အထောက်အထား (၂)၊ (၃) နှင့် (၄) အရ မြန်မာသက္ကရာဇ် ၁၁၁၁ ခုနှစ်ကပင် ငါးသိုင်းချောင်းသည် မြို့ ဖြစ်နေသည်မှာ ထင်ရှားပါသည်။
ဒေသတစ်ခုသည် ပုသိမ် (၃၂) မြို့ စစ်တမ်းတွင် မပါဝင်သောကြောင့် ၎င်းသည် ထိုအခါက မြို့မဟုတ်ဟု မယူဆနိုင်ပါ။ ဥပမာအားဖြင့် ငါးသိုင်းချောင်း အနောက်ဘက်မှာ ဒေါင်းကြီးမြို့သည် မြန်မာသက္ကရာဇ် ၁၂၀၅ ခုနှစ်က ငါးသိုင်းချောင်းနှင့် စင်ပြိုင်မြို့တစ်မြို့ဖြစ် နေပြီး ဖြစ်ပါသည်။
မျက်မှောက်ခောတ် ဒေါင့်ကြီးရွာရှိ ရွှေကျောင်းမှ ကမ္ဗည်းစာတွင် “ကောဇာသက္ကရာဇ် ၁၂၀၅ ခုနှစ် မြန်မာနိုင်ငံ ကုန်းဘောင်မင်းဆက် အမရပူရနန်းတည်၊ ကုန်းဘောင်မင်း ခေါ် ရွှေဘိုမင်း ခေါ် သာယာဝတီမင်းလက်ထက်တွင် ဒေါင့်ကြီးမြို့သူကြီး ဦးမှုန်၊ သူကြီးကတော် ဒေါ်မယ်ဆိုင်တို့ ဦးစီးနှိုးဆော်၍ ဆောက်လုပ်လှူဒါန်းခဲ့သည်” ဟု တွေ့ရပါသည်။ မြန်မာသက္ကရာဇ် ၁၂၀၅ ခုနှစ်တွင် မြို့ဖြစ်နေပါက ၁၁၆၃ ခုနှစ် ပါတ်ဝန်းကျင်တွင် မျက်မှောက်ခောတ် ဒေါင့်ကြီးရွာသည်လည်း မြို့တစ်မြို့ ဖြစ်နေမည်မှာ သေချာလှပါသည်။
ထို့ပြင် ပုသိမ် (၃၂) မြို့ စစ်တမ်းသည် ဒေသတို့၏ မြို့ဖြစ်ခြင်း၊ မဖြစ်ခြင်းဟူသော အချက်နှင့် မသက်ဆိုင်ပါ။ ထိုစစ်တမ်း၏ အဓိက ရည်ရွယ်ချက်မှာ အခွန်ကောက်ခံသော မြို့ သို့မဟုတ် ဒေသတို့၏ အခွန်တော် စစ်တမ်းပင် ဖြစ်ပါသည်။ ဥပမာအားဖြင့် ထို စစ်တမ်းကို တင်ပြသော စာရင်းတွင် အခွန်တော် စသည်းကြပ်ရာ ဒေသ အမှတ် (၄) ၏ ပထမ အမည်ကို “ကျိုက်တည်သာရဝေါ” ဟု လည်းကောင်း၊ ဒုတိယ အမည်ကို “သာရဝေါ” ဟု လည်းကောင်း၊ တတိယအမည်ကို “ဟင်္သာတ” ဟု လည်းကောင်း ဖော်ပြပါသည်။
ဖြစ်ရပ်မှန်တွင်ကား “သာရဝေါ” ကို ထိုခောတ်အခါက “ကျိုက်တည် သာရဝေါ” ဟုခေါ်၍ ထိုမြို့နှင့် “ဟင်္သာတ” နှစ်မြို့လုံးအတွက် အခွန်ကောက်ခံရာ ဒေသ၏ အမည်သည် စာရင်းအရ “ကျိုက်တည် သာရဝေါ” သို့မဟုတ် “ဟင်္သာတ” ပင်ဖြစ်သည်မှာ ထင်ရှားပါသည်။ အဘယ့်ကြောင့်ဆိုသော် “သာရဝေါ” နှင့် “ဟင်္သာတ” တို့သည် မြို့တစ်မြို့တည်း၏ အမည်နှစ်ခု မဟုတ်ပဲ သီးသီးခြားခြား ရှိနေသော မြို့နှစ်မြို့၏ သီးခြားအမည်များ ဖြစ်သောကြောင့်ပင်။ မြို့နှစ်မြို့လုံးကို အခွန်စည်းကြပ်ရာတွင် စာရင်းအရ မြို့တစ်မြို့တည်း၏ အမည်ကိုသာ အသုံးပြုခြင်းဖြစ်သည်မှာ ထင်ရှားပါသည်။
ဤကဲ့သို့ပင် ထိုခောတ်အခါက ဒေါင့်ကြီးသည်လည်းကောင်း၊ ငါးသိုင်းချောင်းသည်လည်ကောင်း၊
“ကျိုက်ဘမော်” ခေါ် “ပန်တောရေကြည်” သည်လည်းကောင်း မြို့များပင်ဖြစ်ကြ၍
၎င်းတို့အားလုံးအတွက် အခွန်ကောက်ခံရန် ဒေသအဖြစ် စာရင်းတင်သောမြို့မှာ
“ပန်တော်ရေကြည်” တစ်မြို့တည်းသာ ဖြစ်သည်မှာ ထင်ရှားပါသည်။
ငါးသိုင်းချောင်းမြို့မြောက
ငါးသိုင်းချောင်း ဖြစ်လာတာလို့ ပါးစပ်ရာဇ၀င် ရှိခဲ့ပါတယ်…
ရှေးယခင်က ငါးသိုင်းချောင်းမြို့ မြောက်ဘက်ကနေ အနောက်နဲ့ အရှေ့ကို ဖြတ်စီးတဲ့ င၀န်မြစ်လက်တက်ခွဲတစ်ခု ရှိခဲ့ပါတယ်… ၎င်းဟာ ပန်းတောရွာ (ယခု ရေကြည်မြို့) ကိုဖြတ်လျက် ကျုံပျော် ခဲပေါင်ဘက်မှ ဒါးကမြစ်ထဲသို့ စီးဝင်သွားပါတယ်… ထိုအချိန်က င၀န်ရေကာတာ မရှိခြင်း၊ ပုသိမ် ဟင်္သာတ မီးရထားလမ်း မရှိတဲ့အတွက် င၀န်မြစ်လက်တက်ခွဲတစ်ခု မြို့မြောက်ဘက်မှာရှိခဲ့ပါတ
ဗြိတိသျှနယ်ချဲ့အစိုးရသည် (၁၈၅၂) ခုနှစ်တွင် မြန်မာနိုင်ငံကို ဒုတိယကျူးကျော်စစ် ဆင်နွှဲပြီး အောက်မြန်မာနိုင်ငံကို ကိုလိုနီပြုခဲ့ပါတယ်… အောက်မြန်မာနိုင်ငံ ဗြိတိသျှလက်အောက် ကျရောက်သောအခါ သီပေါဘုရင်၏ တပ်ဗိုလ်၊ တပ်မှူးများဖြစ်ကြသော ကျားဗိုလ်၊ ဗျိုင်းဗိုလ်၊ ဓါးဗိုလ်၊ ရွှေလှံဗိုလ် (မြန်မာ့သမိုင်း ပထမတွဲ - ဦးလေးမောင် ၉၄) စသော မျိုးချစ်ပုဂ္ဂိုလ်များသည် အောက်မြန်မာနိုင်ငံ ငါးသိုင်းချောင်းနယ်မြေ၊ ရခိုင်ရိုးမကို ကျောထောက်နောက်ခံပြုလျက် သူ့ကျွန်မခံလိုသော စိတ်ဓါတ်ဖြင့် နယ်ချဲ့အင်္ဂလိပ်တို့အား ပုသိမ်ခရိုင်အတွင်း နေရာအနှံ့တိုက်ခိုက်နေခဲ့သည
နယ်ချဲ့အင်္ဂလိပ်တို့သည် တော်လှန်ရေး အင်အားစုများကို ခုခံတိုက်ခိုက်ရန် အခြေခံကျသော နယ်မြေအဖြစ် ငါးသိုင်းချောင်းဒေသကို ရွေးချယ်သတ်မှတ်ခဲ့သည်။ ထို့ကြောင့် ငါးသိုင်းချောင်းဒေသကို ပုသိမ်ခရိုင်စီရင်စုအတွင်း (၁၈၅၇) ခုနှစ်မှ စတင်၍ ငါးသိုင်းချောင်းမြို့ကို မြို့နယ်အဆင့် အုပ်ချုပ်ရေးယန္တရားဖြင့် အုပ်ချုပ်စေခဲ့သည်…. (ပထ၀ီဝင်ချုပ် - အမေရိကန်မစ်ရှင် (၁၈၇၄)၊ ပုသိမ်ခရိုင်ဝန် (အရေးပိုင်)သည် ပုသိမ်မြို့တွင် (၁၅) ရက်၊ ငါးသိုင်းချောင်းမြို့တွင် (၁၅) ရက်၊ (၁၈၆၂) ခုနှစ်အထိ ပုသိမ်ခရိုင်ခွဲနယ်အဖြစ် (၅) နှစ်တိုင် ရုံးထိုင်အုပ်ချုပ်ခဲ့သည်)…
ထိုစဉ်က ငါးသိုင်းချောင်းမြိုကတွင် နယ်ပိုင်၊ မြို့ပိုင်၊ စက်ရှင်တရားသူကြီး၊ တာဝန်ထောက်၊ ရဲဝန်ထောက်၊ ပုလိပ်ဌာန၊ ငွေတိုက်နှင့်ထောင်၊ စာတိုက်နှင့် ကြေးနန်းဆက်သွယ်ရေးရုံး၊ ရာဇ၀တ်ဝန်ထောက်နှင့် စစ်ဗာရီ (၁၅၀) ခန့် အမြဲတန်း ချထားခဲ့သည်။ ငါးသိုင်းချောင်းမြို့ကို (၁၈၆၂) ခုနှစ်မှ (၁၈၉၈) ခုနှစ်အထိ ၃၆ နှစ်အတွင်း နယ်ပိုင်ရုံးစိုက် အုပ်ချုပ်ခဲ့ပြီး (၁၈၉၈) ခုနှစ်မှ (၁၉၂၃) ခုနှစ်အထိ ၂၅ နှစ်မှာ မြို့နယ်ရုံးစိုက် အုပ်ချုပ်ခဲ့သည်။
သမိုင်းအထောက်အထားအရ တစ်ချိန်က ငါးသိုင်းချောင်းမြို့ကို မြို့နယ်အဆင့် (၆၆) နှစ်တိုင် အုပ်ချုပ်ခဲ့သော မြို့တစ်မြို့ဖြစ်ခဲ့ပါတယ်…
၁၉၂၀ ပြည့်နှစ်နောက်ပိုင်းမှာ ငါးသိုင်းချောင်းနယ်မြေသည်လ
မြို့နယ်အုပ်ချုပ်ရေးရုံးမျ
င၀န်မြစ်ကို အားပြုပြီးတော့ မြစ်ရိုးတစ်လျှောက်မှာ မြို့တွေ၊ ရွာတွေ ပေါ်ပေါက်ခဲ့ပါတယ်… ငါးသိုင်းချောင်းမြို့ဟာ င၀န်မြစ်ကမ်းကို အမှီသဟဲပြုပြီးတော့ ထင်ရှားလာတဲ့ မြို့ဖြစ်ပါတယ်… င၀န်မြစ် ရေကာတာ ကျိုးပေါက်လို့ ငါးသိုင်းချောင်းဟာ မြို့နယ်အဆင့် အုပ်ချုပ်ရေးကနေ လက်လွှတ်ဆုံးရှုံးရတယ်လို့ တစ်ချို့တွေက မြင်ကြပါတယ်…
ရှေးမြန်မာဘုရင်များလက်ထက်န
ဟိုးရှေးယခင်က မြန်မာဘုရင်များသည် နိုင်ငံခြားတိုင်းပြည်များက
င၀န်မြစ်ကြောင်းတလျှောက် မြို့ရွာ အများစုမှာ င၀န်မြစ်ကို အမှီသဟဲပြုပြီး တိုးတက်လာခြင်း ဖြစ်ပါသည်။ အနီးစပ်ဆုံး ဥပမာကိုပြရလျင် ဧရာဝတီတိုင်းအတွင်းရှိ ခရိုင်ဝန်ရုံးဆိုင်ရာ ပုသိမ်-ဟင်္သာတ-မြောင်းမြ-ဖျာ
ဒါ့ကြောင့် ပုသိမ်နှင့် ဟင်္သာတခရိုင်ခွဲနယ်တစ်ခု သတ်မှတ်လိုသောအခါ င၀န်မြစ်ကို အမှီသဟဲပြု တည်ရှိနေသော ငါးသိုင်းချောင်းမြို့ကို ခရိုင်ခွဲနယ်အဖြစ် သတ်မှတ်ခဲ့ခြင်း ဖြစ်ပါတယ်.. င၀န်မြစ်ရေကြီးလို့ င၀န်ရေကာတာ ကျိုးပေါက်လို့ မြို့နယ်အဆင့် ပျောက်ကွယ်သွားခဲ့တာ မဟုတ်ပဲ နယ်ချဲ့အင်္ဂလိပ်ကို ဆန့်ကျင်တဲ့ မျိုးချစ်စိတ်ဓါတ် ရှင်သန်ထက်မြက်လွန်းတဲ့ မြို့ဖြစ်လို့ အင်္ဂလိပ်ရဲ့ နှိမ်ချခြင်း၊ ချိုးနှိမ်ခြင်းလုပ်ရပ်ကြော
ငါးသိုင်းချောင်းမြို့ဟာ တောင်ဘက်တွင် သာပေါင်းမြို့နယ်၊ အနောက်ဘက်တွင် ရခိုင်ပြည်နယ် ဂွမြို့နယ်.. အရှေ့ဘက်တွင် ရေကြည်မြို့နယ်… မြောက်ဘက်တွင် လေးမျက်နှာမြို့နယ်တို့နှင့
ငါးသိုင်းချောင်းမြို့မှ ပုံမှန်ပြေးဆွဲနေသော ဧရာဝတီ နှစ်ထပ်သင်္ဘော (၁၈၈၂ ခုနှစ်တွင် စတင်ပြေးဆွဲပါသည်) များမှာ သားပေါင်း - ပုသိမ် - မြောင်းမြ - လပ္ပတ္တာမြို့များအထိ အသွားအပြန် ခရီးသည်နှင့် ကုန်ပစ္စည်းများ ပုံမှန်သယ်ယူပြေးဆွဲလျက်ရှိ
ငါးသိုင်းချောင်းမြို့ ကျက်သရေဆောင် င၀န်မြစ်ကူးတံတားကို ၁၉၈၇ ခုနှစ်တွင် တည်ဆောက်ခဲ့သည်။ ငါးသိုင်းချောင်း - ဂွ - ကမ်းသာယာ - သံတွဲ၊ ငါးသိုင်းချောင်း - ပြည် - မင်းဘူးစက်တော်ရာ - မုံရွာသို့ ဆက်သွယ်သွားလာနိုင်ပါတယ်… ငါးသိုင်းချောင်းမြို့ဟာ ပုသိမ် - မုံရွာ ရေဦး လမ်းမကြီးပေါ်မှာ တည်ရှိပြီး (၃၅၅) မီတာ ရှည်လျားတဲ့ င၀န်မြစ်ကူးတံတားမှာ ငါးသိုင်းချောင်းမြို့ဘက်မှ
ဂျပန်နဲ့ မြန်မာ ချစ်ကြည်ရေး ပူးတွဲတည်ဆောက်ခဲ့တာ ဖြစ်လို့ င၀န်မြစ်အရှေ့ပိုင်းက ဂျပန်ဒီဇိုင်းဖြစ်ပြီး၊ င၀န်မြစ် အနောက်ဘက်ပိုင်းဟာ မြန်မာဒီဇိုင်းဖြစ်တဲ့အတွက်
ငါးသိုင်းချောင်းမှ ပုသိမ်မြို့သို့ ၅၉ မိုင်၊ ဟင်္သာတမြို့သို့ ၄၈ မိုင်၊ ရန်ကုန်မြို့သို့ ၁၀၄ မိုင်၊ ပြည်မြို့သို့ မိုင် ၁၀၀ ကျော်သာ ကွာဝေးပြီး အလွယ်တကူ သွားလာနိုင်ပါတယ်…. ငါးသိုင်းချောင်းမြို့ရဲ့ အနောက်ဘက် ၂၁ မိုင်အကွာ အနောက်ရိုးမပေါ်ရှိ ခရင်ဝါးတောကြီးမှာ အရှေ့တောင် အာရှတွင် အကျယ်ဝန်းဆုံး ၀ါးတောဟု သိရပါတယ်… ငါးသိုင်းချောင်းဒေသက ဇီးကုန်းငါးသလောက်၊ ကွင်းချောင်းငပိ၊ ကျောက်ချောင်း ထန်းလျက်တို့ကတော့ ငါးသိုင်းချောင်းသူ ငါးသိုင်းချောင်းသားတို့ အသည်းစွဲပဲ ဖြစ်ပါတယ်…..
ငါးသိုင်းချောင်းမြို့အမည်တ
ငါးသိုင်းချောင်းမြို့ဆိုတာ
ငါးသိုင်းချောင်းမြို့မှာ တန်ခိုးကြီး လောကမာရဇိန် စေတီတော်မြတ် ရှိတယ်၊ ဟိုး ကမ္ဘာစစ်လက်ကျန် မီးသတ်ကားရှိတယ်... ဂျပန် မြန်မာ ဖက်စပ် ဆောက်ထားတဲ့ ဂျပန်ပြည်က ဒီဇိုင်းဆုရထားတဲ့ င၀န်မြစ်ကူးတံတား ရှိတယ်... လှပတဲ့ င၀န်မြစ်ရဲ့ မြစ်ကျိုးအင်းကြီးလည်း ရှိပါတယ်.. တရုတ်ပြည်မကြီးက ပင့်လာတဲ့ တစ်ခုတည်းသော ကွမ်တေ့ရာကုန်း ဘိုးတော် ရုပ်ပွားတော် ရှိတဲ့ နေရာလည်း ဖြစ်ပါတယ်.....
ငါးသိုင်းချောင်းမြို့ဟူသည်
ငါးသိုင်းချောင်းမြို့နယ်သာ
ငါးသိုင်းချောင်းမြို့၏ လက်ရှိဈေးအပြင်ဘက်ရှိ တာဝိုင်းနှင့် ကျွန်းဦးကျောင်းအနီး ရှမ်းတောတာရိုးတို့ ဆုံရာထောင့်တွင် ယိုယွင်းနေသော ရှေးဟောင်း စေတီတော်ကြီးတစ်ဆူ ယခုတိုင် ရှိနေပါသည်။ ထိုဂူဘုရားကြီးကို ငါးသိုင်းချောင်းမြို့သားတိ
စာရေးသူတို့ ငယ်စဉ် ၁၉၅၂ ခုနှစ်ခန့်က စေတီတော်ကြီး၏ မုခ်ပေါက်တို့သည် (၁၂) ပေခန့် မြင့်သော်လည်း ယခုအခါတွင်မူ နှစ်ပေါင်းများစွာ နှစ်စဉ်နှစ်ဆက် တက်လာသည့်မြစ်ရေမှ ကျန်ခဲ့သော နုန်းမြေ အထပ်အလွှာတို့က လိုဏ်ဂူတော်ကို ပိတ်ဆို့၍နေပြီ ဖြစ်ပါသည်။
ထိုစေတီတော်ကြီးတွင် သမိုင်းဆရာများ အလေးထား၍ လေ့လာသင့်သော အရာတစ်ခုရှိပါသည်။ ထိုအရာမှာ စေတီတော်ကြီး၏ ထီးတော်ပင် ဖြစ်ပါသည်။ ထီးတော်မှာ သံထီးမဟုတ်ပါ။ အုတ်ဖြင့်စီ၍ ပုံဖော်ထားသော (အုတ်ထီးကို အပြင်မှ အင်္ဂတေကိုင်ထားသည့်) အုတ်ထီးတော် ဖြစ်ပါသည်။ စာရေးသူငယ်စဉ်က ထိုအုတ်ထီးတော်၏ အောက်ခြေသည် မျက်နှာစာ လေးဘက်လုံးတွင် ရှိနေသော်လည်း ယခုအခါတွင်မူ ကမ်းနားတာဝိုင်းရှိရာ တောင်ဘက် မျက်နှာစာဘက်တွင်သာ ကျန်ရှိနေပါသည်။
မြန်မာရှေးဟောင်းသုတေသီများ
ပုဂံမြို့ဟောင်းရှိ ရှေးဟောင်း စေတီတော်များ၏ မူလထီးတော်များမှာ အုတ်ထီးများပင် ဖြစ်ပါသည်။ အချို့သော ရှေးဟောင်းပုဂံစေတီတော်များ
ငါးသိုင်းချောင်း၏ ရွှေဂူစံဘုရားကို တည်သောကာလသည် တောင်ခောတ်ဦးပိုင်းထက် နောက်ကျခဲ့ပါလျင်လည်း ၁၈၆၉ ခုနှစ်ထက် စောရမည်မှာ သေခြာပါသည်။ အုတ်ထီးရှိသော စေတီမှန်လျင် ၁၈၆၉ ခုနှစ်မတိုင်မီ တည်သည်သာ ဖြစ်ရပေမည်။ ၁၈၆၉ ခုနှစ်တွင် ငါးသိုင်းချောင်းသည် တံငါရွာလေး ဖြစ်နေပါက ထိုရွာလေးမှ တံငါတို့တွင် ရွှေဂူစံကဲ့သို့သော ဂူဘုရားကြီးကို တည်နိုင်လောက်သည့် စီးပွားရေး တောင့်တင်းမှု ရှိနေမည်မဟုတ်ပါ။
ငါးသိုင်းချောင်းမြို့ ရွှေတောင်ကျောင်း ပရ၀ုဏ်အတွင်းတွင် ယခုလက်ရှိ စိန္တာမုနိစေတီတော်ကို တည်ရန်အတွက် ထိုနေရာတစ်ဝိုက်ရှိ ရှေးဟောင်းစေတီတော် ငါးဆူကို ငါးသိုင်းချောင်းဂေါပက အမှုဆောင်အဖွဲ့က လွန်ခဲ့သော (၂၅) နှစ်ခန့်က ပြန်လည်ရှင်းလင်း ပင့်ဆောင်ခဲ့ပါသည်။
ထိုသို့ ရှင်းလင်းသောအခါ စေတီတော် တစ်ဆူအတွင်းတွင် တွေ့ရသော အလှူကမ္ဗည်းတွင် “သက္ကရာဇ်ကောဇာ၊ ၁၂၀၀ ၀ယ်၊ စွန်းပါခြောက်နှစ်၊ နှင်းဝတ်စိုရွှဲ၊ တပို့တွဲဝယ်၊ စန်းမူပုဏ္ဏမီ၊ သက္ကရာဇ်ဆီဝယ်၊ ရွှေသိုင်းမြို့သူကြီး ဘုရားဒါယကာ ဦးဖိုးလည်၊ ဘုရားဒါယိကာမ ဒေါ်ရွှေဦး၊ သားဦးခေါ်ရန်၊ မောင်ရွှေဉာဏ်နှင့်၊ သမီး မမင်းသွယ်၊ သီဝယ်တွင်စု၊ မ၀ါဥတို့၊ ပြုစုတည်ထား၊ ကုသိုလ်အားကြောင့်၊ လူ့ရွာနတ်ပြည်၊ စုန်တုန်လူးတာ၊ ဖြစ်တုန်ပါ၍၊ ဖြစ်ငြားသံသရာ၊ ဘ၀မကြာပဲ၊ မိတေးရှင်အား ဖူးရပါ၍ မဂ်ဖိုလ်နိဗ္ဗာန် ရစေသော်” ဟု ရေးထားပါသည်။ ထိုကမ္ဗည်းစာအရ မြန်မာသက္ကရာဇ် ၁၂၀၆ ခုတွင် ငါးသိုင်းချောင်းသည် မြို့တစ်မြို့အဖြစ် ရှိနေသည်မှာ ထင်ရှားပေသည်။
ငါးသိုင်းချောင်းမြို့ ဂေါပက အမှုဆောင်အဖွဲ့ကပင် ရှင်းလင်းပင့်ဆောင်သော စေတီများတွင် ဉာဏ်တော် (၄၅) တောင်ရှိ အမြင့်ဘုးရားဘွဲ့ခံ မြေစိုက်စေတီတော် တစ်ဆူရှိခဲ့ပါသည်။ ထိုစေတီ၏ ဌာပနာတိုက်မှလည်း ရွှေပေလွှာတစ်ခုကို တွေ့ခဲ့ကြပါသည်။
ထိုရွှေပေလွှာတွင်လည်း “မြို့သူကြီး ဦးရွှေညိုနှင့် မယ်ခိုမောင်နှံ သစ္စာပန်၍ ၁၁၁၁ သက္ကရာဇ်တွင် အမြင့်ဘုရားတည်ကြောင်းပြုသည
ငါးသိုင်းချောင်း ဂေါပက အမှုဆောင်အဖွဲ့က ရှင်းလင်း ပင့်ဆောင်သော စေတီငါးဆူအနက် တစ်ဆူမှာ ကုလားကျောင်းခံ၍ ထည်ဆောက်ထားသည့် ဂူဘုရားကြီး ဖြစ်ပါသည်။ ထိုဂူဘုရားကြီးအတွင်းရှိ အခြေအုတ်ခံ ရုပ်ပွားတော်ကြီး၏ ပလ္လင်တွင် “ဘုရားဒကာ မင်းရဲကျော်စွာ သာသနာ ၂၂၅၅” ဟု ကမ္ဗည်းထိုးထားပါသည်။
မင်းတရား ရွှေထီးသည် မြန်မာသက္ကရာဇ် ၉၀၇ ခုနှစ်တွင် ရာဇဘိသေက ခံတော်မူ၏။ ထိုနှစ်တွင် မင်းတရား ရွှေထီး၏ မွန်၊ ဗမာ တပ်တော်များသည် ရခိုင်သို့ ချီရာတွင် မင်းတရားရွှေထီးက ရေကြောင်းချီ၍ ဘုရင့်နောင် ကျော်ထင်နော်ရထာက ကြည်းကြောင်း ချီပါသည်။ ဘုရင့်နောင် ကျော်ထင်နော်ရထာနှင့် လိုက်ပါလာသော ကြည်းကြောင်းချီ တပ်တော်များကို ဖော်ပြရာတွင် “အစုတ်မြို့စား သမိန်ရဲတတပ်” ဟု မှန်နန်းရာဇ၀င်တော်ကြီးတွင်
မှန်နန်းရာဇ၀င်ထက် ရှေးကျသော ဦးကုလား မဟာရာဇ၀င်တော်ကြီး၏ သက်ဆိုင်ရာ အခန်းတွင်လည်း ဤအတိုင်းပင် တွေ့ရပါသည်။ ထို့ကြောင့် မြန်မာသက္ကရာဇ် ၉၀၇ ခုနှစ်တွင် အသုတ် (ရှေးမွန်အခေါ် အစုတ်) သည် မြို့တစ်မြို့ဖြစ်နေပါလျင် အသုတ်နှင့် ၁၄ မိုင်ခန့်သာဝေး၍ အသုတ်နှင့် ကျောထောက်နောက်ခံ နယ်မြေသဘာဝ တူညီ၍ ငါးသိုင်းချောင်းမှ ရှေးဟောင်းဘုရားစေတီတော်တို
ငါးသိုင်းချောင်းမြို့ ကျွန်းဦးကျောင်းမှ ရှင်ပင်ဇိနဘွဲ့ခံ ဆင်းတုတော်ကြီးနှင့် ကျွန်းဦးကျောင်း မြေစိုက်အုတ်ကျောင်းကြီးတွင
ပုသိမ် (၃၂) မြို့စစ်တမ်းနှင့် ငါးသိုင်းချောင်း
ဗဒုံမင်းခေါ် ဘိုးတော်ဘုရားလက်ထက် သက္ကရာဇ် ၁၁၄၅ ခုနှစ် ၁၁၆၄ ခုနှစ်များတွင် ကောက်ယူသည့် ပုသိမ် (၃၂) မြို့စစ်တမ်းတွင် ငါးသိုင်းချောင်း မပါဝင်သဖြင့် သုတေသီအချို့က ထိုနှစ်ကာလများတွင် ငါးသိုင်းချောင်းသည် မြို့တစ်မြို့မဟုတ်ဟု ယူဆလိုကြသည်။ သို့သော် အထက်တွင် တင်ပြခဲ့သော အထောက်အထား (၂)၊ (၃) နှင့် (၄) အရ မြန်မာသက္ကရာဇ် ၁၁၁၁ ခုနှစ်ကပင် ငါးသိုင်းချောင်းသည် မြို့ ဖြစ်နေသည်မှာ ထင်ရှားပါသည်။
ဒေသတစ်ခုသည် ပုသိမ် (၃၂) မြို့ စစ်တမ်းတွင် မပါဝင်သောကြောင့် ၎င်းသည် ထိုအခါက မြို့မဟုတ်ဟု မယူဆနိုင်ပါ။ ဥပမာအားဖြင့် ငါးသိုင်းချောင်း အနောက်ဘက်မှာ ဒေါင်းကြီးမြို့သည် မြန်မာသက္ကရာဇ် ၁၂၀၅ ခုနှစ်က ငါးသိုင်းချောင်းနှင့် စင်ပြိုင်မြို့တစ်မြို့ဖြစ်
မျက်မှောက်ခောတ် ဒေါင့်ကြီးရွာရှိ ရွှေကျောင်းမှ ကမ္ဗည်းစာတွင် “ကောဇာသက္ကရာဇ် ၁၂၀၅ ခုနှစ် မြန်မာနိုင်ငံ ကုန်းဘောင်မင်းဆက် အမရပူရနန်းတည်၊ ကုန်းဘောင်မင်း ခေါ် ရွှေဘိုမင်း ခေါ် သာယာဝတီမင်းလက်ထက်တွင် ဒေါင့်ကြီးမြို့သူကြီး ဦးမှုန်၊ သူကြီးကတော် ဒေါ်မယ်ဆိုင်တို့ ဦးစီးနှိုးဆော်၍ ဆောက်လုပ်လှူဒါန်းခဲ့သည်” ဟု တွေ့ရပါသည်။ မြန်မာသက္ကရာဇ် ၁၂၀၅ ခုနှစ်တွင် မြို့ဖြစ်နေပါက ၁၁၆၃ ခုနှစ် ပါတ်ဝန်းကျင်တွင် မျက်မှောက်ခောတ် ဒေါင့်ကြီးရွာသည်လည်း မြို့တစ်မြို့ ဖြစ်နေမည်မှာ သေချာလှပါသည်။
ထို့ပြင် ပုသိမ် (၃၂) မြို့ စစ်တမ်းသည် ဒေသတို့၏ မြို့ဖြစ်ခြင်း၊ မဖြစ်ခြင်းဟူသော အချက်နှင့် မသက်ဆိုင်ပါ။ ထိုစစ်တမ်း၏ အဓိက ရည်ရွယ်ချက်မှာ အခွန်ကောက်ခံသော မြို့ သို့မဟုတ် ဒေသတို့၏ အခွန်တော် စစ်တမ်းပင် ဖြစ်ပါသည်။ ဥပမာအားဖြင့် ထို စစ်တမ်းကို တင်ပြသော စာရင်းတွင် အခွန်တော် စသည်းကြပ်ရာ ဒေသ အမှတ် (၄) ၏ ပထမ အမည်ကို “ကျိုက်တည်သာရဝေါ” ဟု လည်းကောင်း၊ ဒုတိယ အမည်ကို “သာရဝေါ” ဟု လည်းကောင်း၊ တတိယအမည်ကို “ဟင်္သာတ” ဟု လည်းကောင်း ဖော်ပြပါသည်။
ဖြစ်ရပ်မှန်တွင်ကား “သာရဝေါ” ကို ထိုခောတ်အခါက “ကျိုက်တည် သာရဝေါ” ဟုခေါ်၍ ထိုမြို့နှင့် “ဟင်္သာတ” နှစ်မြို့လုံးအတွက် အခွန်ကောက်ခံရာ ဒေသ၏ အမည်သည် စာရင်းအရ “ကျိုက်တည် သာရဝေါ” သို့မဟုတ် “ဟင်္သာတ” ပင်ဖြစ်သည်မှာ ထင်ရှားပါသည်။ အဘယ့်ကြောင့်ဆိုသော် “သာရဝေါ” နှင့် “ဟင်္သာတ” တို့သည် မြို့တစ်မြို့တည်း၏ အမည်နှစ်ခု မဟုတ်ပဲ သီးသီးခြားခြား ရှိနေသော မြို့နှစ်မြို့၏ သီးခြားအမည်များ ဖြစ်သောကြောင့်ပင်။ မြို့နှစ်မြို့လုံးကို အခွန်စည်းကြပ်ရာတွင် စာရင်းအရ မြို့တစ်မြို့တည်း၏ အမည်ကိုသာ အသုံးပြုခြင်းဖြစ်သည်မှာ ထင်ရှားပါသည်။
ဤကဲ့သို့ပင် ထိုခောတ်အခါက ဒေါင့်ကြီးသည်လည်းကောင်း၊ ငါးသိုင်းချောင်းသည်လည်ကောင
No comments:
Post a Comment