Wednesday, August 10, 2016

သိပ္ပံပညာရှင်တွေရဲ့လေ့လာချက်အရ ပိတုန်းကောင်တွေရဲ့ ခန္ဓာကိုယ်အလေးချိန်ဟာ အရမ်းကိုလေးပြီး လေမှာ ပျံဝဲဖို့ အတောင်ပံတွေကတော့ အရမ်းသေးငယ်လွန်းလို့ ခန္ဓာကိုယ် သယ်မဖို့ရာမဖြစ်နိုင်ကြဘူးလို
့ဆိုတယ် ။ လေထု ရွှေ့လျားခြင်းသီအိုရီအရ ပိတုန်းကောင်တွေဟာ ပျံသန်းဖို့ရာမဖြစ်နိုင်ပါဘူး ။ ဒါပေမယ့် အဲ့ဒီအချက်ကို ပိတုန်းတွေမသိသလို သူတို့အမြဲ ပဲ ပျံသန်းလျှက်ရှိကြတယ် ။


ကိုယ့်ရဲ့ ကန့်သတ်မှု Limitation ကို ကိုယ် မသိတဲ့အခါ အဲ့ဒီ limitation ကို ကျော်လွန်ပြီး လူသားတွေမှာလည်းလုပ်နိုင်စွမ်းရှိကြပါတယ် ။

သင့်ကို ပညာရပ်တွေနဲ့ အတတ်ပညာတွေက ကန့်သတ်မထားပါစေနဲ့ ။
သင့်ကို မောဟ လောဘ ဒေါသတွေက ကန့်သတ်မထားပါစေနဲ့

ရေအိုင်ထဲက ဖားသူငယ်လို ကိုယ်နေရာပတ်ဝန်းကျင် ကိုယ်မှာ့ရှိတဲ့အရာတွေနဲ့ ကိုယ်တတ်ထားတဲ့ပညာတွေဟာ ပြီးပြည့်စုံပြီလို့မထင်လိုက်ပါနဲ့ ။
တကယ်တော့လောကကြီးက သင်ထင်ထားတာထက်ကို အတိုင်းမဆမရှိကျယ်ဝန်းလှပါတယ် ။

တခါတလေ အမြင့်ကို တက်နေတဲ့အခါ အောက်ဖက်ကနေ အကွာအဝေးဘယ်လောက်ကိုရောက်နေပြီဆိုတာ မေ့ထားဖို့လိုပါတယ် ။
ဒါမှသာ ကြောက်စိတ်ဆိုတဲ့အရာနဲ့သင့်ကိုကန့်သတ်ထားတဲ့ အမြင့် အကွာအဝေးကို ဖယ်ထုတ်ပစ်နိုင်မှာပါ ။
ကောင်မလေးရေ-------------
ငါ့စိတ်တွေဘယ်လိုပြောင်းလဲသွား
တာလဲ
အသိဥာဏ်မဲ့သွားတာလားရူးသွပ်နေတာလား
ငါကိုယ်တိုင်ဘာမှမသိလိုက်တဲ့ ငါပါလား
ငါချစ်နေခဲ့မိတဲ့ မင်းရဲ့ မွှေးညှင်းနုနုလေးအပေါ်မှာ
လိပ်ပြာကောင်လာနိုင်ရင်တောင် ငါမနှစ်သက်ခဲ့ဘူး
မင်းရဲ့ အလှအပအားလုံးကိုငါတစ်ယောက်တည်
အတ္တဆန်စွာမက်မောရူးသွပ်နမ်းရှိုက်နေခြင်မိတရ်
မင်းနဲ့ ပတ်သက်သမျှ ဒေါသဖြစ်စရာရင်ခုန်ကြည်
နူးစရာတွေအားလုံး ဘာတွေဘယ်လိုရှိရှိ ငါ ရယူခံ
စားနေခြင်မိတရ်
ငါ မင်းကို အဲဒီလောက်ချစ်မိနေတရ်
မင်း ငါ့ ရင်ဘတ်ကိုမကြည်တတ်လို့ နေမှာပါ
မင်းကို ငါ့ရဲ့ ဘယ်ဘက်ရင်အုံထဲမှာခွဲပြီးထည့်ထား
ခြင်လောက်အောင်မြတ်နိုးနေခဲ့မိတရ်
ငါ မင်းနဲ့ အမြဲရှိနေခြင်တရ်ကွာ
မင်းမမျှော်လင့်ပေမရ့် ရောက်ရောက်လာခဲ့တဲ့ ငါ့ခြေ
လှမ်းတိုင်ဟာခိုင်မာတဲ့သက်သေတွေပါ
ထပ်ပြီးပြောခြင်တရ်

ကောင်းမလေးရေ--------မင်းကိုငါအရမ်းချစ်တရ်
ယုံကြည်ပေးပါလားကွာ

မနက်ဖြန်များစွာအတွက်ရှင်သန်ရပ်တည်နေမရ့် -------------------------------------foreversoe

မွေးနေ့ဆိုတာ ခန္ဓာအိမ်ရတာပဲ

မွေးနေ့ဆိုတာ ခန္ဓာအိမ်ရတာပဲ


ဘဝပစ္စာယာ ဇာတိ..မြတ်စွာဘုရားဟော ပါဠိအရ ကမ္မဘဝကြောင့် ဥပပ္ပတ္တိဘဝဖြစ်တယ်။ တနည်း ပြောရရင် အတိတ်ဘဝက ပြုလုပ်ခဲ့တဲ့ ကုသိုလ်ကံ၊ အကုသိုလ်ကံကြောင့် ယခုဘဝမှာ လာပြီး လူဖြစ်တယ် တိရိစ္ဆာန်ဖြစ်တယ်။ လူဖြစ်ရင် ဘဝရတယ်။ ဘဝရရင် ခန္ဓာရတယ်။ ခန္ဓာဘယ်အချိန်ကစပြီး ရခဲ့တာလဲ။ အမိ ဝမ်းကကျွတ်လို့ မွေးဖွားတဲ့နေကစပြီး ခန္ဓာရခဲ့တယ်။ ဒါကြောင့် မွေးနေ့၊ မွေးနေ့ဆိုတာ ခန္ဓာအိမ်ကိုရတဲ့နေ့၊ ခန္ဓာတည်ဆောက်တဲ့နေ့။

လောကမှာ ကိုယ်နေဖို့အိမ်ဆောက်ကြရင် အိမ်ပုံစံလှလှကလေးတွေကို ရွေးချယ်ပြီး ဆောက်ကြတယ်။ ဆောက်ပြီးတော့ ပိုလှအောင် ဆေးရောင်အမျိုးမျိုး သုတ်ကြတယ်။ ဒီတော့ အိမ်ကလေးဟာ နေချင်စရာ ကောင်းလိုက်တာလို့ တွေ့မြင်တဲ့ လူအားလုံးက ချီးကျူးကြတယ်။မျက်စိ ကျကြတယ်။ ဒီအတိုင်းပါပဲ။ မိမိ ခန္ဓာကိုယ်အိမ်ကလေး လှလှပပ၊ သပ်သပ်ရပ်ရပ် တင့်တင့်တယ်တယ် ဖြစ်ချင်ရင် လက်သမားအငှားမမှား စေနဲ့။
အကုသိုလ်ကံ လက်သမားကတော့ ဖြစ်ကလက်ဆန်းတော်သလို လျော်သလို ပြီးပြီးရောဆိုပြီး ရွဲ့ရွဲ့ စောင်းစောင်း အမြန်ပြီးစလွယ် ဆောက်တတ်တဲ့ အကျင့်ရှိတယ်။ မြန်စောင်းပျက်တာ အကုသိုလ်ကံ လက်သမားပါ။ လောက ကတော့ မြန်ကောင်းသက်သာတဲ့။ မြန်ရင်မကောင်းနိုင်ဘူး။ သက်သာချင်ရင်တော့ သက်သာကောင်းသက်သာမယ်။ ဒီကနေ့ ဈေးနဲ့ မနက်ဖြန်ဈေးမတူလို့ပါပဲ။
ကုသိုလ်ကံ လက်သမားကတော့ ကျကျနန ဒီဇိုင်းလှလှ စရွေးကျကျခိုင်ခံလှပအောင် ဆောက်တတ်ပါတယ် အကုသိုလ်ကံ လက်သမားဆောက်တဲ့ အိမ်နှင့် ကုသိုလ်ကံလက်သမားဆောက်တဲ့အိမ် နှိုင်းယှဉ်ကြည့်လျှင် လုံးဝမတူပါဘူး။
အဲဒါကြောင့် ဘဝခန္ဓာအိမ်လှလှပပ ဆောက်ချင်ရင် ရချင်ရင်ကုသိုလ်ကံ လက်သမားနဲ့ပေါင်းဆောက်ဖို့ လိုပါတယ်။ ဆောက်ပြီးတဲ့ ဘဝခန္ဓာအိမ် အသစ်ကလေးဟာ လှလို့ပလို့ တင့်တောင့်တင့်တယ် ကျက်သရေ ရှိရှိ မကြောင့်မကြ မတောင်းမတ နေရ ထိုင်ရတတ်ပါတယ်။
အဲဒီလို ဘဝခန္ဓာအိမ်အသစ်ပေါ် နေရတယ်ဆိုပြီး မေ့မေ့လျော့လျော့ ပေါ့ပေါ့ဆဆ နေဖို့လည်း မသင့် မြတ်ဘူး။လောကတိုက်အိမ်ကြီး ဆောက်လုပ်ပြီးလို့ တစ်နှစ်ကြလာတော့ အရောင်တွေ မှိန်လာတတ်ပါ တယ်။ရေညှိတွေ နံရံမှာ တက်လာတတ်ပါတယ်။ အဲဒါလိုဖြစ်လာရင် တိုက်အိမ်ရှင်က ပိုက်ဆံနှမြောမနေဘဲ သတိ ဝီရိယထားပြီး တစ်ခါ နှစ်ခါ ဆေးသုတ်ပေးရင် တိုက်အိမ်ကြီးဟာ ပကတိ အသစ်ကဲ့သို့ ကောင်းမွန် လှပ နေမှာဖြစ်ပါတယ်။
အဲဒီအတိုင်းပါပဲ။ မိမိတို့ ရရှိထားတဲ့ ဆောက်လုပ်ထားတဲ့ လူ့ဘဝခန္ဓာအိမ်ကို ထာဝရလှပအောင် တစ်နှစ် တစ်ခါဆိုသလို မွေးနေ့ကုသိုလ်တွေပြုလုပ်ပြီး ကုသိုလ်ဆေးရောင်တွေ သုတ်သင့်ပါတယ်။ ကုသိုလ်ဆေး ရောင်တွေ ခြယ်သလိမ်းကျံတစ်နှစ်တစ်ခါ သုတ်ပေးမယ်ဆိုရင် လူ့ဘခန္ဓာအိမ်ဟာလည်း အမြဲထာဝရ အသစ်ကဲ့သို့ လှပသေသပ် ကျက်သရေမင်္ဂလာရှိနေမှာဖြစ်ပါတယ်။
ဒါကြောင့် လူ့ဘဝခန္ဓာအိမ်မှာ ကပ်နေတဲ့ အကုသိုလ် ရေညှိတွေခြစ်ထုတ်ပြီး ကုသိုလ်ဆေးရောင်တွေ တစ်နှစ် တစ်ခါ သုတ်နိုင်ကြပါစေ။ ကုသိုလ်ဆေးရောင်တွေခြယ်သ သုတ်လိမ်းရတဲ့ အတွက် ယခုဘဝမှာ လည်း ချမ်းသာသုခ အဝဝရရှိကြ၍ နောင်ဘဝမှာလည်း အထက်တန်းချမ်းသာများကို ရရှိခံစား သုံးဆောင်နိုင် ပါစေ။ တစ်နှစ်တစ်ခါလည်း ဘဝခန္ဓာအိမ်ကို ကုသိုလ်ဆေးရောင်တွေ သုတ်လိမ်းနိုင်ကြပါစေ အကုသိုလ် ရေညှိတွေကိုလည်း ခြစ်ထုတ်နိုင်ကြပါစေဟု ဆုတောင်းလိုက်ရပါသည်။
စာဖတ်သူအားလုံး သက်ရှည်ကျန်းမာစိတ်ချမ်းသာ၍ လိုရာဆန္ဒများပြည့်ဝကြပါစေ။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်



ဘဝပစ္စာယာ ဇာတိ..မြတ်စွာဘုရားဟော ပါဠိအရ ကမ္မဘဝကြောင့် ဥပပ္ပတ္တိဘဝဖြစ်တယ်။ တနည်း ပြောရရင် အတိတ်ဘဝက ပြုလုပ်ခဲ့တဲ့ ကုသိုလ်ကံ၊ အကုသိုလ်ကံကြောင့် ယခုဘဝမှာ လာပြီး လူဖြစ်တယ် တိရိစ္ဆာန်ဖြစ်တယ်။ လူဖြစ်ရင် ဘဝရတယ်။ ဘဝရရင် ခန္ဓာရတယ်။ ခန္ဓာဘယ်အချိန်ကစပြီး ရခဲ့တာလဲ။ အမိ ဝမ်းကကျွတ်လို့ မွေးဖွားတဲ့နေကစပြီး ခန္ဓာရခဲ့တယ်။ ဒါကြောင့် မွေးနေ့၊ မွေးနေ့ဆိုတာ ခန္ဓာအိမ်ကိုရတဲ့နေ့၊ ခန္ဓာတည်ဆောက်တဲ့နေ့။

လောကမှာ ကိုယ်နေဖို့အိမ်ဆောက်ကြရင် အိမ်ပုံစံလှလှကလေးတွေကို ရွေးချယ်ပြီး ဆောက်ကြတယ်။ ဆောက်ပြီးတော့ ပိုလှအောင် ဆေးရောင်အမျိုးမျိုး သုတ်ကြတယ်။ ဒီတော့ အိမ်ကလေးဟာ နေချင်စရာ ကောင်းလိုက်တာလို့ တွေ့မြင်တဲ့ လူအားလုံးက ချီးကျူးကြတယ်။မျက်စိ ကျကြတယ်။ ဒီအတိုင်းပါပဲ။ မိမိ ခန္ဓာကိုယ်အိမ်ကလေး လှလှပပ၊ သပ်သပ်ရပ်ရပ် တင့်တင့်တယ်တယ် ဖြစ်ချင်ရင် လက်သမားအငှားမမှား စေနဲ့။
အကုသိုလ်ကံ လက်သမားကတော့ ဖြစ်ကလက်ဆန်းတော်သလို လျော်သလို ပြီးပြီးရောဆိုပြီး ရွဲ့ရွဲ့ စောင်းစောင်း အမြန်ပြီးစလွယ် ဆောက်တတ်တဲ့ အကျင့်ရှိတယ်။ မြန်စောင်းပျက်တာ အကုသိုလ်ကံ လက်သမားပါ။ လောက ကတော့ မြန်ကောင်းသက်သာတဲ့။ မြန်ရင်မကောင်းနိုင်ဘူး။ သက်သာချင်ရင်တော့ သက်သာကောင်းသက်သာမယ်။ ဒီကနေ့ ဈေးနဲ့ မနက်ဖြန်ဈေးမတူလို့ပါပဲ။
ကုသိုလ်ကံ လက်သမားကတော့ ကျကျနန ဒီဇိုင်းလှလှ စရွေးကျကျခိုင်ခံလှပအောင် ဆောက်တတ်ပါတယ် အကုသိုလ်ကံ လက်သမားဆောက်တဲ့ အိမ်နှင့် ကုသိုလ်ကံလက်သမားဆောက်တဲ့အိမ် နှိုင်းယှဉ်ကြည့်လျှင် လုံးဝမတူပါဘူး။
အဲဒါကြောင့် ဘဝခန္ဓာအိမ်လှလှပပ ဆောက်ချင်ရင် ရချင်ရင်ကုသိုလ်ကံ လက်သမားနဲ့ပေါင်းဆောက်ဖို့ လိုပါတယ်။ ဆောက်ပြီးတဲ့ ဘဝခန္ဓာအိမ် အသစ်ကလေးဟာ လှလို့ပလို့ တင့်တောင့်တင့်တယ် ကျက်သရေ ရှိရှိ မကြောင့်မကြ မတောင်းမတ နေရ ထိုင်ရတတ်ပါတယ်။
အဲဒီလို ဘဝခန္ဓာအိမ်အသစ်ပေါ် နေရတယ်ဆိုပြီး မေ့မေ့လျော့လျော့ ပေါ့ပေါ့ဆဆ နေဖို့လည်း မသင့် မြတ်ဘူး။လောကတိုက်အိမ်ကြီး ဆောက်လုပ်ပြီးလို့ တစ်နှစ်ကြလာတော့ အရောင်တွေ မှိန်လာတတ်ပါ တယ်။ရေညှိတွေ နံရံမှာ တက်လာတတ်ပါတယ်။ အဲဒါလိုဖြစ်လာရင် တိုက်အိမ်ရှင်က ပိုက်ဆံနှမြောမနေဘဲ သတိ ဝီရိယထားပြီး တစ်ခါ နှစ်ခါ ဆေးသုတ်ပေးရင် တိုက်အိမ်ကြီးဟာ ပကတိ အသစ်ကဲ့သို့ ကောင်းမွန် လှပ နေမှာဖြစ်ပါတယ်။
အဲဒီအတိုင်းပါပဲ။ မိမိတို့ ရရှိထားတဲ့ ဆောက်လုပ်ထားတဲ့ လူ့ဘဝခန္ဓာအိမ်ကို ထာဝရလှပအောင် တစ်နှစ် တစ်ခါဆိုသလို မွေးနေ့ကုသိုလ်တွေပြုလုပ်ပြီး ကုသိုလ်ဆေးရောင်တွေ သုတ်သင့်ပါတယ်။ ကုသိုလ်ဆေး ရောင်တွေ ခြယ်သလိမ်းကျံတစ်နှစ်တစ်ခါ သုတ်ပေးမယ်ဆိုရင် လူ့ဘခန္ဓာအိမ်ဟာလည်း အမြဲထာဝရ အသစ်ကဲ့သို့ လှပသေသပ် ကျက်သရေမင်္ဂလာရှိနေမှာဖြစ်ပါတယ်။
ဒါကြောင့် လူ့ဘဝခန္ဓာအိမ်မှာ ကပ်နေတဲ့ အကုသိုလ် ရေညှိတွေခြစ်ထုတ်ပြီး ကုသိုလ်ဆေးရောင်တွေ တစ်နှစ် တစ်ခါ သုတ်နိုင်ကြပါစေ။ ကုသိုလ်ဆေးရောင်တွေခြယ်သ သုတ်လိမ်းရတဲ့ အတွက် ယခုဘဝမှာ လည်း ချမ်းသာသုခ အဝဝရရှိကြ၍ နောင်ဘဝမှာလည်း အထက်တန်းချမ်းသာများကို ရရှိခံစား သုံးဆောင်နိုင် ပါစေ။ တစ်နှစ်တစ်ခါလည်း ဘဝခန္ဓာအိမ်ကို ကုသိုလ်ဆေးရောင်တွေ သုတ်လိမ်းနိုင်ကြပါစေ အကုသိုလ် ရေညှိတွေကိုလည်း ခြစ်ထုတ်နိုင်ကြပါစေဟု ဆုတောင်းလိုက်ရပါသည်။
စာဖတ်သူအားလုံး သက်ရှည်ကျန်းမာစိတ်ချမ်းသာ၍ လိုရာဆန္ဒများပြည့်ဝကြပါစေ။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်

Do It Now

Do It Now

The word 'later' proves weakness. Therefore, do not say, "I will do it later", but say, "I have to do it now."


One Direction


When water flows in one direction, it generates energy.
The wind, when it blows in one direction, also generates energy.
Sun rays, when focused, generate energy.
In the same way, when we have an aim and objective, our actions become directed, focused. A current of consistent actions flowing in the direction of one's aim becomes increasingly powerful at each second. The intellectual capital invested in that will generate the dividends of increased happiness.


Living A Life In Supra-Consciousness (Part 3)

Living a life in supra-consciousness will give us the power to bring the aims and objectives in our respective fields, whether it be in the professional sector or on a family relationship level or in any extra-curricular activity like a hobby or a sport or on a social activity level like service to mankind or for achieving an objective for the physical body like overcoming a serious ailment (illness) or for some the purpose of earning  through different means. A higher spiritual consciousness or supra-consciousness is not only a powerful thought or the power of determination but also an inculcation of a particular virtue or power through self-assessment and nurturing the virtue or power through pure thoughts and feelings. It is an emerged consciousness for a purpose or as a natural nature characteristic focused towards the fulfillment of a significant aim in our life and is the opposite of sub-consciousness which is more of a hidden consciousness and a merged one, but equally important. The conscious mind is the average or the  between the supra-conscious mind and the sub-conscious mind.

Also, the complete celibacy of the mind, which means a clean and clear transparent water like mind with no trace of anger, lust, jealousy, animosity (hatred), greed or ego; but on the other hand a mind in which the pure lotuses of positive qualities, personality specinkgies, talents and skills flourish - is a primary requirement for a supra-consciousness to do its work. Along with the requirement of a clean mind, the other potent (powerful) force for a supra-consciousness is the fuel of a powerful and clear connection with the Almighty Father or God, whose power is the highest and strongest in the world. This fuel lifts the consciousness to amazingly high levels and increases its capacity to the levels of God’s consciousness which can achieve success in the most difficult tasks that exist on the planet Earth. And a supra-consciousness is the key to injecting the energy of positivity into any task and contribute to its fulfillment.





Soul Sustenance


Observing My Mind And Its Creation


Let us experience creating positive thoughts about ourselves and see how long we can maintain them. We must learn to become our own best friend. A positive thought is imagining oneself as a being of peace. Peace is considered as the power and original quality of human beings.
In order to be able to concentrate, let's imagine a point of light, a small star like point of energy in the centre of the forehead... Let's focus our attention on this point and begin to create these thoughts: Who am I? Who am I really?
I turn towards my inner self in order to know myself... I am going to observe the screen of my mind for a few moments...
I become aware of the thoughts and images I see on the screen of my mind, but I do not let myself be influenced by them... I simply observe them, and I am gradually going to let them flow... I let go of them, I let them drift away...

I create a space between me and my thoughts, between me and my stream of feelings... I feel at peace and calm, I can choose what I think... The feeling of being able to choose makes me feel stronger...

I am strong, peaceful and calm... I am positive energy... I am a peaceful, calm being: peace is harmony and balance...


Message for the day

Lightness comes when words are accurate.

Expression: Accurate words means there is nothing extra spoken. Whatever has to be said is said to the point. Such words being short are sweet to hear too and are those that never hurt others. They bring about the result needed accurately.

Experience: When my words are to the point, there is a lot of lightness experienced within me and my physical energy is saved too. Others too experience benefit through my words and so I naturally get blessings from them, which helps me move forward with lightness.
ကောင်မလေးရေ---------
ဖူးပွင့်အပြုံး ရင်ခုန်နှုန်းကိုမြန်စေခဲ့တာလား
အေးချမ်းလှတဲ့မင်းမျက်ဝန်းရဲ့ အကြည့်တချက်
ငါ----အကြိမ်ကြိမ်ပြိုလှဲခဲ့ပေါ့

ရင်ခုန်သံရပ်တန့်စေတဲ့သံစဉ်
သာယာစွာသူတေးဆိုတော့
"ဟေ့လူ" အဖြစ်ငါ့ဘဝပြောင်းခဲ့လေသည်
ငါ့ကိုယ်ငါ သိလိုက်မိတာက
ငါဟာ လူပါလား
အပစ်ကင်းတဲ့မင်းအလှ
ရစ်မူးစေတဲ့ ဆေးတမျိုးလား
ကမ်းနေခဲ့မိတဲ့ငါလက်ရှက်ရှက်နဲ့ ငိုနေ
အသွားအပြန်ဆိုတာ ငါနဲ့ မသက်ဆိုင်ဘူးလား
ကြည့်မှန်ရဲ့ နိယာမတော့ဖတ်ဖူးတရ်
မမှားလောက်ဘူးလို့ ယုံကြည်ဆဲပါ
နယူတန်ရေ -----ခင်ဗျားနဲ့ နိယာမ
ကောင်မလေးနဲ့ ငါ့အတွက်မဟုတ်လောက်ဘူး
စခြင်းနဲ့ ဆုံးခြင်း ကြားကာလမှာတော့
ငါလက်ပစ်ကူးနေရပြီ
စုံမှတ်တစ်ခုဝေဝါးဆဲပါ


မနက်ဖြန်များစွာအတွက်ရှင်သန်ရပ်တည်နေမရ့် --------------------------------foreversoe

အချိန်ဟာ အကောင်းဆုံး ဆေးဆရာတဲ့လား?

အချိန်ဟာ အကောင်းဆုံး ဆေးဆရာတဲ့လား?



လူတိုင်းရဲ့ရင်မှာ အချစ်ခဲ့ရဆုံးသောသူဆိုတာ ရှိခဲ့ကြဖူးပါတယ်။ ပြန်တွေးလိုက်တိုင်း ပျော်စရာတွေ မျှဝေဖူးတဲ့သူ၊ နာကျင်မှုတွေ ဖြစ်စေခဲ့တဲ့သူ၊ ကိုယ်မှဟုတ်ခဲ့ရဲ့လားလို့ တွေးမိရလောက်အောင် ကိုယ့်ကို ပြုစားခဲ့တဲ့သူ။ ဒီလိုလူတစ်ယောက်ဟာ လူတိုင်းရင်မှာ ရှိခဲ့ဖူးပါတယ်။
.
အချိန်တန်တဲ့အခါ ကိုယ့်ရဲ့နံဘေးမှာ ချစ်ရမယ့်သူတစ်ယောက် ရှိကောင်းရှိလာလိမ့်မယ်။ ဒါပေမယ့် တွေးမိတဲ့အခါတိုင်း စွဲလန်းနေရတဲ့သူ၊ မုန်းတီးနေရတဲ့သူ၊ တမ်းတမိတဲ့သူ။ နာကျင်မှုဝေဒနာတွေ မရှိတော့ရင်တောင် တိုက်ဆိုင်တဲ့အခါတိုင်း "သူရော ဘာတွေလုပ်နေမလဲ" ဆိုပြီး တွေးမိရလောက်တဲ့သူမျိုးပေါ့။
.
အချိန်ဟာ အကောင်းဆုံး ဆေးဆရာတဲ့လား? ဟုတ်ကောင်းတော့ ဟုတ်ပါလိမ့်မယ်။ အချိန်ကြောင့်ပဲ နာကျင်ခြင်းတွေ သက်သာစေခဲ့တယ်။ ဝမ်းနည်းခြင်းတွေ ပျောက်ကွယ်စေခဲ့တယ်။ မျက်ရည်စတွေလည်း ခမ်းခြောက်လာခဲ့တယ်။
.
ဒါပေမယ့် အချိန်က ပြုံးရယ်နေတဲ့ သူရဲ့ပုံရိပ်လေးကို အတွေးထဲက ထုတ်မပစ်နိုင်ခဲ့ဘူး။ လျှောက်ခဲ့ဖူးတဲ့ ရပ်ကွက်ထဲက လမ်းသွယ်လေးတွေကို ဖျက်ဆီးမပစ်နိုင်ဘူး။ အတူဖန်တီးခဲ့ဖူးတဲ့ အမှတ်တရတွေကို ဝေဝါးမသွားစေခဲ့ဘူး။ အချိန်ဟာ ဝေဒနာတွေကို ကုသနိုင်မယ့် ဆေးဆရာတဲ့လား? မဟုတ်ဘူး.. အချိန်ဆိုတာ ဝေဒနာတွေကို ထုံထိုင်းသွားစေမယ့် ထုံဆေးသက်သက်ပါပဲ.
ကောင်မလေးရေ------------
ခြေလှမ်းတစ်စုံအစပျိုးခဲ့မိပါ
တရ်
ထားရက်လို့ ထားသွားတာလား
ငါကျေနပ်စွာခံယူနေခြင်ပါတရ်
ငါရဲ့ ရူးသွပ်မှု့ ဟာပေးဆပ်မှု့ များစွာနဲ့ ပါ
ဓန နဲ့ ပညာ မပြည့်စုံတော့လည်း
ထပ်တူကျဖို့ အဖြေညှိနေတဲ့ပုစ္ဆာ
ရလဒ်ရဲ့ အကြွင်းကတော့ Zero ဖြစ်နေလေတော့
မျဉ်းပြိုင်းနှစ်ကြောင်းစုံမှတ်မဲ့နေခဲ့တရ်
ကမ်းပေမိတဲ့လက်အစုံရှက်ရှက်နဲ့ သိမ်းထားမိတရ်
စုံခွင်ကတော့အိမ်မက်ထဲ မက်နေဆဲပါ
နိုးထခြင်ပါရဲ့ လက်တွေ့ ဘဝတကွေ့ 
ထပ်တူမကျခဲ့မိတဲ့ 
အချစ်နဲ့ ဘဝ
နောက်ဆုံးဇာတ်သိမ်း အလွမ်းမင်းသားလေးပေါ့


မနက်ဖြန်များစွာအတွက်ရှင်သန်ရပ်တည်နေမရ့် -----------------------------foreversoe

စုံမှတ်

စုံမှတ်
ကောင်မလေးရေ------
မင်းနဲ့ ငါ
လှမ်းနေတဲ့ခြေလှမ်း
သွားနေခဲ့မိတဲ့ခရီး တူခြင်တူနေပေမရ့် 
မင်းနဲ့ ငါ ရောက်ရှိတဲ့ အရပ်ကတော့ဝေးကွာ
ကွာခြားသွားလိမ့်မရ်

မင်းနဲ့ ငါ
လက်စုံ ညရောင်အောက်
လင်းလက်တဲ့နီယွန်မီးရောင်အောက်
စားသုံးခဲ့မိတဲ့ များစွာသောအရသာ
လျှာနဲ့ခံစားမှု့ တူခြင်မှတူမရ်

မင်းနဲ့ ငါ
အေးချမ်းသာယာတဲ့ကန်ဘောင်ပေါ်
သစ်အိုပင်ရိပ်အောက်
အနာဂတ်ရေး စဉ်းစားတွေးတောနေမိ
ခံယူချက်ခြင်းကွာခြားနေလေတော့

မင်းနဲ့ ငါ့ 
လူသားအဖြစ်ရောက်ရှိ
ပခုံးနှစ်ဖက်ခေါင်းပေါက်
စိတ်ဓါတ်နဲ့ ခံယူချက်ခြင်းကွာသွားခဲ့လေပြီ
အိမ်မက်ထဲကဘဝ
လေထဲမှာဖြစ်တည်ခဲ့တဲ့ချစ်ခြင်း
မျဉ်းပြိုင်းရဲ့ စုံမှတ် တွေဝေဆဲမို့ 
စုံမှတ်ရဲ့ ရလဒ် Zero ဖြစ်နေလေတော့
ရိုးသားစွာ ရယူလိုမှု့ မဲ့နေတဲ့
ဖြစ်တည်မှုတစ်အဖြစ်ရပ်တည်နေမရ်


မနက်ဖြန်များစွာအတွက်ရှင်သန်ရပ်
                                    တည်နေမရ့် ------------------------------foreversoe

သမီးကိုသိစေချင်သောစကားများ

သမီးကိုသိစေချင်သောစကားများ

သမီး…..

ကိုယ်ဒီတစ်သက်လုံးမှာ ကိုယ်ဘာပဲလိုချင်လိုချင် ကိုယ့်ကိုတိုင် ၀ယ်နိုင်ဖို့ ကြိုးစားရပါမယ်။ တစ်ယောက်ယောက် ၀ယ်ပေးဖို့ ဘယ်တော့မှ မမျော်လင့်သင့်ပါဘူး။ မသေချာ မရေရာတဲ့ လောကကြီးမှာ “အားကိုးရတယ်” ဆိုတာ မရေရာဆုံးအထဲမှာ ပါပါတယ်။

သမီး……..

ကိုယ်အလေးချိန်လျှော့မယ်။ ၀ိတ်လျှော့မယ် ဆိုတာမျိုး စကားအဖြစ်ပြောကြည့်တာပဲကောင်းပါ
တယ်။ သမီးသိရမှာကျန်းမာရေးဟာ အဓိက အကျဆုံးပါပဲ။ ဘယ်လောက်ပဲ ပိန်ပိန်၊ ဘယ်လောက်ပဲ စလင်းကျကျ မကျန်းမာရင် အလကားပါပဲ။ လှပတာထက် ကျက်သရေ ရှိတာက ပိုမိုတင့်တယ်တတ်ပါတယ်။ ကျက်သရေရှိဖို့ဆိုရင် အတွေးအခေါ်ရှိဖို့လိုအပ်ပါတယ်။ အတွေးအခေါ်ရှိဖို့ စာများများဖတ်ဖို့ လိုအပ်ပါတယ်။ တကယ်လို့ သမီးက ဖက်ရှင်ကျကျ မ၀တ်စားတတ်ဘူး ဆိုရင် ရိုးရိုးရှင်းရှင်း ၀တ်စားဆင်ယင်တာက ပိုပြီး ကျက်သရေ ရှိတတ်ပါတယ်။

သမီး…….

လူဆိုတာ အသက်တစ်ရာ မနေရပေမဲ့ အမူတစ်ရာနဲ့ တွေ့ရတတ်တယ်တဲ့။ လူ့ဘ၀မှာ တစ်ချိန်မဟုတ် တစ်ချိန်ချိန်မှာတော့ စိတ်ညစ်စရာတွေ၊ သောကတွေ နဲ့ တွေ့ကြုံတတ်ပါတယ်။ သမီးအနေနဲ့ အဲဒီစိတ်ညစ်စရာတွေ သောကတွေကို ကြံကြံခံနိုင်ဖို့ အခုကတဲက ကြိုးစားရပါလိမ့်မယ်။

သမီး….

ရည်ရွယ်ချက်ထားရှိပါ။ အဲဒီရည်ရွယ်ချက်အတွက် အစွမ်းကုန်ကြိုးစားပါ။
လူဆိုတာ ကိုယ့်ကိုကိုမှ ပဲ့မကိုင်တတ်ရင် သူများမောင်းနင်ရာနောက်ကို လိုက်ပါရတတ်ပါတယ်။
လူလှခြင်းထက် ဘ၀လှခြင်းက အများကြီး ပိုပြီးအရေးကြီးပါတယ်။ ပြီးရင်
ရိုးသားပါ။ ကတိတည်ပါ။ ဘယ်တော့မှ ကိုယ့်ကတိကို မဖျက်မိပါစေနဲ့
ဘယ်အခြေအနေပဲရောက်ရောက် အကောင်းဘက်ကနေ အမြဲမြင်တတ်အောင် ကြိုးစားပါ။ အခွင့်အရေး မှန်သမျှ အကောင်းမြင်တဲ့လူနောက်ကိုပဲ တွယ်ကပ်လေ့ရှိပါတယ်။
အများအကြံအဥာဏ်တွေကို နားထောင်တတ်ပါ။ အဲဒီအကြံအဥာဏ်အားလုံးကို စစ်ထုတ်အသုံးချတတ်အောင် သင်ကြားထားပါ။

သမီး……

ပျင်းလို့၊ ငြီးငွေ့လို့ ၊ သူငယ်ချင်းတောင်ရည်းစားထားလို့ ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ ရည်းစားမထားလိုက်ပါနဲ့ ။ သူငယ်ချင်းတွေမြောက်တာကိုလည်းမယုံကြည်လိုက်ပါနဲ့ ။ “ချစ်တယ်”ဆိုတဲ့ စကားကို လွယ်လွယ်နဲ့ မပြောမိပါစေနဲ့။ ပေးပြီးသားကတိဆိုတာ ဆပ်ဖို့ရှိတဲ့ အကြွေးနဲ့ တူတတ်ပါတယ်။ လူဆိုတာကိုယ့် အပြောအဆို အပြုအမူ အားလုံးကို တာဝန်ယူတတ်ဖို့ သင်ယူထားရပါလိမ့်မယ်။

သမီး…...

သူငယ်ချင်းများများပေါင်းပါ။ သူငယ်ချင်းဆိုတာ နေ့တိုင်းဆက်သွယ်နေဖို့ မလိုအပ်ပါဘူး။ ဒါပေမဲ့ သူငယ်ချင်းက ကိုယ့်ကိုတစ်ခုခု လုပ်ပေးဖို့ အကူအညီ တောင်းလာခဲ့ရင် ကိုယ်ပိုင်အလုပ်လို သဘောထားပြီး လုပ်ပေးရပါလိမ့်မယ်။

သမီး.........

လျို့ဝှက်ချက်တွေ၊ ခံစားချက်တွေကို အားလုံးရင်ထဲမှာ မသိမ်းဆည်းထားပါနဲ့  ဖေဖေနဲ့ တိုင်ပင်ပါလို့ ဖေဖေမတောင်းဆိုပါဘူး။ ဒါပေမဲ့ မင်းမေမေ နဲ့တော့ တိုင်ပင်ပါ။ ဒါမှမဟုတ်ရင် အကြောင်းအရာပေါ်မူတည်ပြီး မေမေနဲ့ဖေဖေ မင်းတစ်ယောက်ယောက်နဲ့ တိုင်ပင်ဖို့ ရွေးချယ်လို့ ရပါတယ်။ မတိုင်ပင် ဘဲ နဲ့တော့ မနေပါနဲ့။

သမီး…....

ဖြစ်နိုင်မယ်ဆိုရင် ခရီးများများထွက်ပါ။ မိုင်ပေါင်းတစ်ထောင်ခရီးသွားခြင်းဟာ စာအုပ်ပေါင်းတစ်ထောင်ဖတ်ရူ့တာနဲ့ တူညီတတ်တယ်လို့ ဆိုရိုးစကားရှိတယ်။ စာများများဖတ်ရူ့ခြင်းဟာ အတွေးအခေါ်ကို ရင့်ကျက်ပြည့်ဝစေသလို ခရီးများများထွက်ခြင်းဟာလည်း အတွေးအမြင် ကျယ်ပြန့်စေပါတယ်