Tuesday, April 18, 2017

စာ "တတ်ရမယ်

စာ "တတ်ရမယ်
===========

"သား "ရေ ခဏလာပါအုံး ကွာ....
သား အခု ဆရာဝန်တစ်ယောက်ဖြစ်နေပြီနော်...
ဟုတ် ဖေဖေ...

ဟိုတစ်နေ့က.....သားတာဝန်ကျတဲ့ဆေးရုံကို ဖေဖေရောက်တယ်....
အဖေ အသိတစ်ယောက် ဆေးရုံတက်နေတာကို သတင်းသွား
မေးတာပါ။ အဲဒီမှာ ဖေဖေ စိတ်မချမ်းသာတဲ့ မြင်ကွင်းတစ်ခု
တွေ့လိုက်တယ်။
ဆရာဝန် တစ်ယောက်က လူနာတစ်ယောက်ကို ပြောဆိုအော်
ငေါက်နေတာကွာ....

ဟုတ်တော့ဟုတ်တယ် ဖေဖေ....တစ်ချို့လူနာတွေက အကျီင်္အထူကြီး မ၀တ်ပါနဲ့ဆို ၀တ်တယ်။
အပူချိန်တွေ တက်လာတော့ အဖျားရှိတယ်လို့ ကျွန်တော်တို့က
ထင်ပြီး ဆေးတွေပေးရတယ်။
ပိုးသတ်ဆေးကို courseပြည့်အောင် သောက်ပါဆို မသောက်ဘူး ဖေဖေ။
စကားနားမထောင်လို့ ဆရာဝန်က စေတနာနဲ့ ငေါက်တာနေမှာပါ ဖေဖေ။
ဖေဖေ ဖြစ်သူက "သား"သားပြောတာ ဖေဖေလက်ခံတယ်။
သား ကို ဖေဖေမေးမယ်။
လူနာက သူ့ဘာသူ ကုတတ်လို့ဆေးရုံလာတက်တာလား...?
ဒါမှမဟုတ် ဆေးပညာအကြောင်း သူတို့သိလား....?

သား ဖြစ်သူက ဟုတ်ပါတယ် ဖေဖေ သူတို့မသိလို့ ၊ မကုတတ်
လို့ ဆေးရုံလာတက်တာပါ။
လောကကြီးမှာ သားတို့ သင်တဲ့စာတွေ အသိတွေက အတတ်
ပညာ လို့ခေါ်တယ်။
လောက "စာ" ကိုတော့ လူတိုင်းမတတ်ကြဘူး ၊ မသိကြဘူး ၊

လောက "စာ"ဆိုတာ ဘာလဲ သိလား သား....?
မသိဘူး ဖေဖေ သားကို ပြောပြပါအုံးနော်။
လောက "စာ" ဆိုတာ လူရယ်လို့ ဖြစ်လာရင် "စာနာတတ်ရမယ်
ကိုယ်ချင်းစာတတ်ရမယ်။"
ကိုယ်ချင်းမစာတတ်သူက ပညာတွေဘယ်လောက်တတ်တတ်
ဘယ်လောက်ချမ်းသာ ချမ်းသာ လောက" စာ"မတတ်ရင်
အနစ်မရှိတဲ့ လူ လို့ခေါ်တယ်။

နောက်ပြီး ရင်ထဲက ကိုယ်ချင်းစာတတ်ပေမယ့် ပါးစပ်ကလည်း
ကိုယ်ချင်းစာ ဖို့ လိုတယ် သား။

"ထမင်းငတ်အောင် လုပ်တာလည်း
ဒီပါးစပ်ပဲ
လူချစ်လူခင်များအောင် လုပ်တာလည်း
ဒီပါးစပ်ပဲ" သား

အော်ငေါက်နေတဲ့ ဆရာဝန်ကိုဖေဖေ့အမြင်အရ သုံးသပ်မယ်
ဆိုရင် လောက" စာ" တတ်ပေမယ့်လည်း ပါးစပ် "စာ"မတတ်
တော့ ကိုယ်ချင်းစာစိတ်မရှိဘူးလို့ ဖေဖေက ယူဆတော့မှာပေါ့

"တကယ်တော့ ရင်ထဲက ကိုယ်ချင်းစာ တတ်တဲ့လူသည်
နုတ်ထွက်စကားတွေမှာလည်း ကိုယ်ချင်းစာ တတ်တဲ့
စေတနာတွေ ပါတယ်။
ဒေါသေ ထွက်ပြီး ဆူငေါက်နေရင်တောင်မှ စေတနာ ဒေါသပဲ
ဖြစ်လိမ့်မယ်"

"သား နားလည်ပါ ပြီ "ဖေ ဖေ "ရင်ထဲမှာ ကိုယ်ချင်းစာ စိတ်ထားသင့်သလို ပါးစပ်ကလည်း ကိုယ်ချင်းစာစိတ် ထားရမယ်
သား ပညာ တွေဘယ်လောက်တတ်တတ် ကိုယ်ချင်းစာ
စိတ်မရှိရင် သား လည်းအလကား ဆရာဝန် ဖြစ်မှာပေါ့နော်
သား ဒီနေ့ကစပြီး ဖေဖေ ပြောဆိုဆုံးမခဲ့တာတွေကို လိုက်နာ
ကျင့်သုံးမယ်လို့ ကတိပေးပါတယ် ဖေဖေ"

သူငယ်ချင်း...ပညာဘယ်လောက်တတ်တတ် ဘယ်လောက်
ချမ်းသာ ချမ်းသာ လူရယ်လို့ ဖြစ်လာရင် "စာ"တတ်ဖို့တော့
လိုတယ်နော်.....

No comments:

Post a Comment