ဂေါ်ဖီစိုက်ပျိုးနည်း
စိုက်ပျိုးနည်း
ပျိုးသေတ္တာကလေးများပြုလုပ်၍
လည်းကောင်း၊ သို့မဟုတ် ပျိုးပေါင်းပြုလုပ်၍ လည်းကောင်း၊ ပျိုးထောင်၍
ပျိုးပင်ကလေးများ အရွက်လေးရွက်မှ ခြောက်ရွက် ထွက်လာသည့်အရွယ်တွင်
ပြောင်းရွေ့စိုက်ပျိုးရသည်။ ပြောင်းရွေ့စိုက်ပျိုး ရာတွင် တစ်ပင်နှင့်တစ်ပင် တစ်ပေခွာ၍ စိုက်ရမည်။
ဂေါ်ဖီမထုပ်ခြင်း
တစ်ခါတစ်ရံ ဂေါ်ဖီထုပ်များ အထုပ်ဘဲနေတတ်သည်။ ထိုသို့ ဖြစ်ရသည်မှာ မျိုးကြောင့်လည်း ဖြစ်နိုင်သည်။ ရာသီဥတုကြောင့်လည်း ဖြစ်နိုင်သည်။ ဂေါ်ဖီ ထုပ်သည် သက်တမ်းရက်ပေါင်း ၉၀ မှ ၁၃၀၊ တချို့ရက်ပေါင်း ၁၆၀ ထိရှိသည် ။ တစ်ခါတစ်ရံ ထိုသို့ ရက်ပေါင်း ၁၆၀ မျှရှိသော အအေးပိုင်းတွင် စိုက်သည်။ သက်ကြီးမျိုး များကို စိုက်မိလျှင် ထိုသို့မထုပ်ဘဲ နေတတ်သည်။ စိုက်ချိန်နောက် ကျသွားလျှင်လည်း ဆောင်းရာသီအအေး ကုန်၍ ပူလာသောအချိန်သို့ ရောက် သွားပြီး ဂေါ်ဖီမထုပ်တော့ပေ။ ဂေါ်ဖီသည် ရှမ်းကုန်းမြင့်ဒေသများတွင် တစ်နှစ်လုံး စိုက်ပျိုးဖြစ်ထွန်းသော်လည်း ပြည်မတွင် ဆောင်းရာသီတွင်သာ စိုက်ပျိုးဖြစ်ထွန်းသည်။
ဂေါ်ဖီထုပ်ကောင်းအောင်ပြုပြင်ပုံ
စောစောပျိုးထောင်ပါ။ တော်သလင်းလလောက်တွင် စတင်ပျိုးထောင်ပါ။ ပျိုးပင်ကလေးများ လေးရွက်မှ ခြောက်ရွက်ထွက်လာသောအခါ ပြောင်းရွေ့ စိုက်ပျိုးနိုင်သည်။ ပြောင်းရွေ့စိုက်ပျိုးရာတွင် နှစ်ခါ သုံးခါ ပြောင်းရွေ့ စိုက်ပျိုးနိုင်ပါကပိုကောင်းသည်။စိုက်ပေါင်များတွင်နွားချေး၊မြေဆွေးကောင်းကောင်းထ ည့်ပေးပါ။ နှမ်းပတ်ပုပ်ရည်များလောင်းေ ပးပါ။ ဓာတ်ဆား ဓာတ်မြေသြဇာကျွေးပါ။
ဓာတ်ဆာကျွေးပုံ
၁၄ပေရှိစိုက်ပေါင်တစ်ခုအတွက်ဓာတ်ဆားလေးကျပ်သားခန့်ကိုေ မြဆွေးလေးပြည်နှင့်ရော၍
ဖြည့်ပေးပါ။ နောက်မြေနှင့် သမပြီးမှ ပြောင်းရွေ့စိုက်ပါ။ အပင်များ
အထနှေးလျှင် ဓာတ်ဆားကို ရေဖျော်လောင်းပါ။ ဓာတ်ဆား သုံးကျပ် သား
(ရေလေးဂါလန်ဝင် ရေနံဆီပုံးကြီးရှစ်လုံး) နှင့်ဖျော်ပါ။ ၁၅ ရက်
တစ်ကြိမ်လောင်းပေးပါ။
စိုက်ပျိုးနည်း
ပျိုးသေတ္တာကလေးများပြုလုပ်၍
ဂေါ်ဖီမထုပ်ခြင်း
တစ်ခါတစ်ရံ ဂေါ်ဖီထုပ်များ အထုပ်ဘဲနေတတ်သည်။ ထိုသို့ ဖြစ်ရသည်မှာ မျိုးကြောင့်လည်း ဖြစ်နိုင်သည်။ ရာသီဥတုကြောင့်လည်း ဖြစ်နိုင်သည်။ ဂေါ်ဖီ ထုပ်သည် သက်တမ်းရက်ပေါင်း ၉၀ မှ ၁၃၀၊ တချို့ရက်ပေါင်း ၁၆၀ ထိရှိသည် ။ တစ်ခါတစ်ရံ ထိုသို့ ရက်ပေါင်း ၁၆၀ မျှရှိသော အအေးပိုင်းတွင် စိုက်သည်။ သက်ကြီးမျိုး များကို စိုက်မိလျှင် ထိုသို့မထုပ်ဘဲ နေတတ်သည်။ စိုက်ချိန်နောက် ကျသွားလျှင်လည်း ဆောင်းရာသီအအေး ကုန်၍ ပူလာသောအချိန်သို့ ရောက် သွားပြီး ဂေါ်ဖီမထုပ်တော့ပေ။ ဂေါ်ဖီသည် ရှမ်းကုန်းမြင့်ဒေသများတွင်
ဂေါ်ဖီထုပ်ကောင်းအောင်ပြုပြင
စောစောပျိုးထောင်ပါ။ တော်သလင်းလလောက်တွင် စတင်ပျိုးထောင်ပါ။ ပျိုးပင်ကလေးများ လေးရွက်မှ ခြောက်ရွက်ထွက်လာသောအခါ ပြောင်းရွေ့ စိုက်ပျိုးနိုင်သည်။ ပြောင်းရွေ့စိုက်ပျိုးရာတွင
ဓာတ်ဆာကျွေးပုံ
၁၄ပေရှိစိုက်ပေါင်တစ်ခုအတွက
No comments:
Post a Comment