Saturday, March 11, 2017

နဂါးမောက်သီး၏ ကျန်းမာရေးအကျိုးကျေးဇူးများ


နဂါးမောက်သီး၏ ကျန်းမာရေးအကျိုးကျေးဇူးမျာ

နဂါးမောက်သီးဟာ လူတို့၏ကျန်းမာရေးကို များစွာ အထောက်အကူပေးနိုင်တဲ့ သဘာဝဆေးဖက်ဝင် သစ်သီးတစ်မျိုးဖြစ်ပါတယ်။

ကျန်းမာရေးအကျိုးကျေးဇူးမျာ

(၁) သွေးတွင်းရှိ သကြားဓာတ်ကို လျော့ချပေးနိုင်စွမ်းပါတယ်။

(၂) သွေးတိုး၊ ဆီးချိုသမားအတွက် အလွန်သင့်တော်တဲ့ အသီးဖြစ်ပါတယ်။

(၃) ကင်ဆာဖြစ်စေနိုင်သော ဓာတ်တိုးပစ္စည်းများ ကို လျော့ချ ပေးနိုင်ပါတယ်။

(၄) ကိုလက် စထရောကို လျှော့ချပေးနိုင်ပါတယ်။

(၅) အသားအရေကို ချောမွတ် စိုပြေစေပါတယ်။

(၆) အစာစားချင်စိတ်ကို တိုးပွားစေပါတယ်။

(၇) အစာခြေဖျက်ခြင်းကို အားကောင်းစေပါတယ်။

(၈) အဆီများကို ခြေဖျက်ပေးနိုင်ပါတယ်။

(၉) သွားနှင့် အရိုးများကို ခိုင်မာစေပါတယ်။

(၁၀) မှတ်ဥာဏ်အားနှင့် မျက်လုံး အားကောင်းစေပါတယ်။

(၁၁) ဒဏ်ရာများကို ကျက်စေလွယ်၍ အမြန် သက်သာပျောက်ကင်းစေပါတယ်။

(၁၂) နာလံထလူမမာများအတွက် လျင်မြန်မာစွာ ခွန်အားပြန်လည်ပြည့်ဝလာစေ၍ အထူးသင့်လျော်သောအသီး ဖြစ်ပါတယ်။

(၁၂) အစားအစားများထဲမှာပါတဲ့ အဆိပ်အတောက်များကိုလည်း ပြေပျောက်စေပါတယ်။

နဂါးမောက်သီးကို တောင်အမေရိကနှင့်မက္ကဆီကိုတို့ဘက်မှာ စတင်တွေ့ရှိခဲ့ပြီး ယခုအခါမှာတော့ ကမ္ဘာအနှံ့ မှာ စိုက်ပျိုးရောင်းချနေကြကာ ထိုင်း၊ ဗီယက်နမ်၊ ဖိလစ်ပိုင်တို့မှာလည်း ပေါများစွာ စားသုံးနေကြပြီး မြန်မာနိုင်ငံမှာတော့ လူကြိုက်နည်းနေသေးတဲ့အတွက် ဈေးကွက် သိပ်မသွင်ကျယ်သေးပါဘူး။

နဂါးမောက်သီးရဲ့အပြင်ဘက်အရောင်ဟာ အနီရောင်နဲ့ အ၀ါရောင် ၂ မျိုးရှိပြီး အတွင်းသားကတော့ အနီရောင်နဲ့အဖြူရောင် ၂ မျိုးရှိပါတယ်။ အပင်ကတော့ ရှားစောင်းလက်ပပ်အပင်မျိုးနွယ် ဖြစ်ပါတယ်။ အရသာမှာလည်း အချိုဓါတ်၊ အချဉ်ဓါတ်နည်းပါးသည့်အတွက် အရသာပေါ်ပေါ်လွင်လွင် မရှိသည့်အတွက် ဆေးဖက်ဝင်၍ ကျန်းမာရေးအတွက် စားသုံးနေကြပါတယ်။

No comments:

Post a Comment