Wednesday, August 10, 2016

စုံမှတ်

စုံမှတ်
ကောင်မလေးရေ------
မင်းနဲ့ ငါ
လှမ်းနေတဲ့ခြေလှမ်း
သွားနေခဲ့မိတဲ့ခရီး တူခြင်တူနေပေမရ့် 
မင်းနဲ့ ငါ ရောက်ရှိတဲ့ အရပ်ကတော့ဝေးကွာ
ကွာခြားသွားလိမ့်မရ်

မင်းနဲ့ ငါ
လက်စုံ ညရောင်အောက်
လင်းလက်တဲ့နီယွန်မီးရောင်အောက်
စားသုံးခဲ့မိတဲ့ များစွာသောအရသာ
လျှာနဲ့ခံစားမှု့ တူခြင်မှတူမရ်

မင်းနဲ့ ငါ
အေးချမ်းသာယာတဲ့ကန်ဘောင်ပေါ်
သစ်အိုပင်ရိပ်အောက်
အနာဂတ်ရေး စဉ်းစားတွေးတောနေမိ
ခံယူချက်ခြင်းကွာခြားနေလေတော့

မင်းနဲ့ ငါ့ 
လူသားအဖြစ်ရောက်ရှိ
ပခုံးနှစ်ဖက်ခေါင်းပေါက်
စိတ်ဓါတ်နဲ့ ခံယူချက်ခြင်းကွာသွားခဲ့လေပြီ
အိမ်မက်ထဲကဘဝ
လေထဲမှာဖြစ်တည်ခဲ့တဲ့ချစ်ခြင်း
မျဉ်းပြိုင်းရဲ့ စုံမှတ် တွေဝေဆဲမို့ 
စုံမှတ်ရဲ့ ရလဒ် Zero ဖြစ်နေလေတော့
ရိုးသားစွာ ရယူလိုမှု့ မဲ့နေတဲ့
ဖြစ်တည်မှုတစ်အဖြစ်ရပ်တည်နေမရ်


မနက်ဖြန်များစွာအတွက်ရှင်သန်ရပ်
                                    တည်နေမရ့် ------------------------------foreversoe

No comments:

Post a Comment