Wednesday, August 10, 2016

သိပ္ပံပညာရှင်တွေရဲ့လေ့လာချက်အရ ပိတုန်းကောင်တွေရဲ့ ခန္ဓာကိုယ်အလေးချိန်ဟာ အရမ်းကိုလေးပြီး လေမှာ ပျံဝဲဖို့ အတောင်ပံတွေကတော့ အရမ်းသေးငယ်လွန်းလို့ ခန္ဓာကိုယ် သယ်မဖို့ရာမဖြစ်နိုင်ကြဘူးလို
့ဆိုတယ် ။ လေထု ရွှေ့လျားခြင်းသီအိုရီအရ ပိတုန်းကောင်တွေဟာ ပျံသန်းဖို့ရာမဖြစ်နိုင်ပါဘူး ။ ဒါပေမယ့် အဲ့ဒီအချက်ကို ပိတုန်းတွေမသိသလို သူတို့အမြဲ ပဲ ပျံသန်းလျှက်ရှိကြတယ် ။


ကိုယ့်ရဲ့ ကန့်သတ်မှု Limitation ကို ကိုယ် မသိတဲ့အခါ အဲ့ဒီ limitation ကို ကျော်လွန်ပြီး လူသားတွေမှာလည်းလုပ်နိုင်စွမ်းရှိကြပါတယ် ။

သင့်ကို ပညာရပ်တွေနဲ့ အတတ်ပညာတွေက ကန့်သတ်မထားပါစေနဲ့ ။
သင့်ကို မောဟ လောဘ ဒေါသတွေက ကန့်သတ်မထားပါစေနဲ့

ရေအိုင်ထဲက ဖားသူငယ်လို ကိုယ်နေရာပတ်ဝန်းကျင် ကိုယ်မှာ့ရှိတဲ့အရာတွေနဲ့ ကိုယ်တတ်ထားတဲ့ပညာတွေဟာ ပြီးပြည့်စုံပြီလို့မထင်လိုက်ပါနဲ့ ။
တကယ်တော့လောကကြီးက သင်ထင်ထားတာထက်ကို အတိုင်းမဆမရှိကျယ်ဝန်းလှပါတယ် ။

တခါတလေ အမြင့်ကို တက်နေတဲ့အခါ အောက်ဖက်ကနေ အကွာအဝေးဘယ်လောက်ကိုရောက်နေပြီဆိုတာ မေ့ထားဖို့လိုပါတယ် ။
ဒါမှသာ ကြောက်စိတ်ဆိုတဲ့အရာနဲ့သင့်ကိုကန့်သတ်ထားတဲ့ အမြင့် အကွာအဝေးကို ဖယ်ထုတ်ပစ်နိုင်မှာပါ ။

No comments:

Post a Comment