ဒီလို ယောက်ကျား
လူတစ်ယောက်က ကုတင်စွန်းမှာထိုင်ရင်း သူ့မိန်းမမှန်ကြည့်တာကို ငေးနေတယ်။ မိန်းမရဲ့မွေးနေ့က သိပ်မဝေးတော့ဘူး။ အဲဒါနဲ့ သူက မိန်းမကို ဘာလက်ဆောင်လိုချင်လဲလို့ မေးတယ်။ သူ့မိန်းမက မှန်ထဲကို ငေးကြည့်ရင်း “ကျွန်မ – ရှစ်-ပြန်ဖြစ်ချင်လိုက်တာ” လို့ ပြောတယ်။
မိန်းမရဲ့မွေးနေ့မနက်မှာ သူက အစောကြီးထပြီး စွန့်စားခန်းဥယျာဉ်ထဲခေါ်သွားတယ်။ ဟိုရောက်တော့ ဥယျာဉ်ထဲက ကစားနည်းမှန်သမျှကို ကစားခိုင်းတယ်။ ပင်လယ်ဓားပြလှေ၊ ဒုံးပျံ၊ ရိုလာကိုစတာ ကစားနည်းအစုံပဲ။
နောက်ငါးနာရီလောက်ကြာတော့ သူတို့ စွန့်စားခန်းဥယျာဉ်ထဲက ဒယီးဒယိုင်ထွက်လာကြတယ်။ မိန်းမရဲ့ခေါင်းတွေ တရိပ်ရိပ်မူးနေပြီး အူအသည်းတွေလည်း ဂျွမ်းသန္တာလန်နေပြီ။ အဲဒီအချိန်မှာ သူက မိန်းမကို မက်ဒေါ်နယ်ခေါ်သွားပြီး အာလူးကြော်များများနဲ့ ချောကလက်မစ်ရှိတ်ပါတဲ့ ဟက်ပီးမီးလ် မှာပေးတယ်။
နောက်တော့ ရုပ်ရှင်ကြည့်ကြပြန်ရော။ ပြောင်းဖူးပေါက်ပေါက်တွေ၊ ဆိုဒါအအေးတွေနဲ့ မိန်းမငယ်ငယ်ကအကြိုက်ဆုံးသြ ကားလုံးဖြစ်တဲ့ M&M နဲ့။
နောက်ဆုံးတော့ လင်မယားနှစ်ယောက် ခြေကုန်လက်ပန်းကျပြီး အိမ်ပြန်ရောက်လာကြတယ်။
သူက မိန်းမပခုံးပေါ် ခေါင်းမီပြီး ချစ်စနိုးမေးလိုက်တယ် ” ကဲ..အချစ်ရေ.. ရှစ်နှစ်သမီးပြန်ဖြစ်ရတာ ဘယ်လိုနေလဲ” တဲ့။
မိန်းမရဲ့မျက်လုံးတွေ ဖြည်းဖြည်းချင်းပွင့်လာပြီး အမူအယာချက်ခြင်းပြောင်းသွား တယ်။
“ငါက အဝတ်အစားဆိုက်ကို ပြောတာဟဲ့။ ငတုံးရဲ့!!!!”
သင်ခန်းစာ။ ။ ယောကျာ်းက ကိုယ့်စကားနားစိုက်ထောင်တယ် ဆိုရင်တောင် အဓိပ္ပါယ်သိချင်မှသိမှာနော်
လူတစ်ယောက်က ကုတင်စွန်းမှာထိုင်ရင်း သူ့မိန်းမမှန်ကြည့်တာကို ငေးနေတယ်။ မိန်းမရဲ့မွေးနေ့က သိပ်မဝေးတော့ဘူး။ အဲဒါနဲ့ သူက မိန်းမကို ဘာလက်ဆောင်လိုချင်လဲလို့ မေးတယ်။ သူ့မိန်းမက မှန်ထဲကို ငေးကြည့်ရင်း “ကျွန်မ – ရှစ်-ပြန်ဖြစ်ချင်လိုက်တာ” လို့ ပြောတယ်။
မိန်းမရဲ့မွေးနေ့မနက်မှာ သူက အစောကြီးထပြီး စွန့်စားခန်းဥယျာဉ်ထဲခေါ်သွာ
နောက်ငါးနာရီလောက်ကြာတော့ သူတို့ စွန့်စားခန်းဥယျာဉ်ထဲက ဒယီးဒယိုင်ထွက်လာကြတယ်။ မိန်းမရဲ့ခေါင်းတွေ တရိပ်ရိပ်မူးနေပြီး အူအသည်းတွေလည်း ဂျွမ်းသန္တာလန်နေပြီ။ အဲဒီအချိန်မှာ သူက မိန်းမကို မက်ဒေါ်နယ်ခေါ်သွားပြီး အာလူးကြော်များများနဲ့ ချောကလက်မစ်ရှိတ်ပါတဲ့ ဟက်ပီးမီးလ် မှာပေးတယ်။
နောက်တော့ ရုပ်ရှင်ကြည့်ကြပြန်ရော။ ပြောင်းဖူးပေါက်ပေါက်တွေ၊ ဆိုဒါအအေးတွေနဲ့ မိန်းမငယ်ငယ်ကအကြိုက်ဆုံးသြ
နောက်ဆုံးတော့ လင်မယားနှစ်ယောက် ခြေကုန်လက်ပန်းကျပြီး အိမ်ပြန်ရောက်လာကြတယ်။
သူက မိန်းမပခုံးပေါ် ခေါင်းမီပြီး ချစ်စနိုးမေးလိုက်တယ် ” ကဲ..အချစ်ရေ.. ရှစ်နှစ်သမီးပြန်ဖြစ်ရတာ ဘယ်လိုနေလဲ” တဲ့။
မိန်းမရဲ့မျက်လုံးတွေ ဖြည်းဖြည်းချင်းပွင့်လာပြီး
“ငါက အဝတ်အစားဆိုက်ကို ပြောတာဟဲ့။ ငတုံးရဲ့!!!!”
သင်ခန်းစာ။ ။ ယောကျာ်းက ကိုယ့်စကားနားစိုက်ထောင်တယ်
No comments:
Post a Comment