Kyat ကျပ်ငွေ
၁၅-၅-၁၉၆၄ မှာ ၅ဝ တန်နဲ့ ၁ဝဝ တန်တွေကို ဗိုလ်ချုပ်နေဝင်းက ပဌမဆုံးအကြိမ် တရားမဝင်ကြေညာလိုက်တယ်။
၃-၁၁-၁၉၈၅ နေ့မှာ ၂၅၊ ၅ဝ နဲ့ ၁ဝဝ ကျပ်တန်ငွေစက္ကူတွေကို ဒုတိယအကြိမ် တရားမဝင်ကြေညာလိုက်တယ်။
၅-၉-၁၉၈၇ နေ့မှာ ၂၅၊ ၃၅ နဲ့ ၇၅ ကျပ်တန်ငွေစက္ကူတွေကို တတိယအကြိမ် တရားမဝင်ကြေညာလိုက်တယ်။
မြန်မာနိုင်ငံမှာ အသပြာငွေကို ကုန်းဘောင်ခေတ်ကစသုံးတယ်။ ပဌမဆုံးငွေက ၁၈၅၂ ကနေ ၁၈၈၉ အထိဖြစ်တယ်။ ငွေဒင်္ဂါးခေါ်တဲ့အကြွေကို ၁၈၅၂ ခုနှစ် မင်းတုန်းမင်းလက်ထက်က စသုံးတယ်။ ပြင်သစ်က အကူအညီပေးခဲ့တယ်။ ၁၉၄၃ ကနေ ၁၉၄၅ အတွင်းသုံးခဲ့တာက ဂျပန်ငွေစက္ကူတွေဖြစ်တယ်။ ၁-၇-၁၉၅၂ မှာ အသစ်တွေစသုံးတယ်။ ၁၉၅၆ ကစပြီး ၁၊ ၅၊ ၁ဝ၊ ၂၅ နဲ့ ၅ဝ ပြားအကြွေတွေ ထုတ်တယ်။ ၁၉၄၄ ခုနှစ်မှာ ၁၊ ၅၊ ၁ဝ နဲ့ ၁ဝဝ ကျပ် စက္ကူတွေ ထုတ်တယ်။ ၁၉၄၄ မှာ ၁ဝဝ တန်ထုတ်တယ်။ ၁၂-၂-၁၉၅၂ နေ့မှာ ပြည်ထောင်စုဘဏ်ကနေ ငွေစက္ကူသစ် ၁၊ ၅၊ ၁ဝ နဲ့ ၁ဝဝ ကျပ်စက္ကူတွေ ထုတ်တယ်။ ၂၁-၉-၁၉၅၈ မှာ ၂ဝ တန်နဲ့ ၅ဝ တန်တွေ ထုတ်တယ်။
၁၉၇၂ ခုနှစ်မှာ မြန်မာကျပ်ငွေတွေကို ဝါဇီစက်ရုံကနေရိုက်ထုတ်ပါတယ်။ ဂျာမဏီ Giesecke & Devrient ကကူညီခဲ့တာ ဖြစ်တယ်။ ၁ဝ-၁၁-၁၉၈၅ နေ့မှာ ၇၅ ကျပ်တန်ငွေစက္ကူစထုတ်တယ်။ ဦးနေဝင်းရဲ့ ၇၅ နှစ်မြောက် မွေးနေ့ အတွက်လို့ ယူဆရတယ်။ ၁-၉-၁၉၈၆ နေ့မှာ ၁၅ ကျပ်နဲ့ ၃၅ ကျပ်တန်တွေထုတ်ပါတယ်။ ၂၂-၉-၁၉၈၇ နေ့မှာ ၄၅ ကျပ် တန်နဲ့ ၉ဝ ကျပ်တန်ငွေစက္ကူတွေထုတ်ပါတယ်။ ဦးနေဝင်းရဲ့ ကံကောင်းတဲ့နံပါတ် (၉) အရလို့ ယူဆကြပါတယ်။
၂ဝ-၆-၁၉၈၈ နေ့မှာ ငွေစက္ကူသစ်တွေရိုက်ပါတယ်။ ၁-၃-၁၉၉ဝ နေ့မှာ ၁ ကျပ်တန်နဲ့ ၂၇-၃-၁၉၉ဝ နေ့မှာ ၂ဝဝ ကျပ်တန် ငွေစက္ကူတွေရိုက်ပါတယ်။ ၂၇-၃-၁၉၉၄ နေ့မှာ ပြား ၅ဝ၊ ၂ဝ၊ ၅ဝ၊ ၁ဝဝ နဲ့ ၅ဝဝ ကျပ်တန်ငွေစက္ကူတွေ ရိုက်နှိပ်ပါတယ်။ ၁-၅-၁၉၉၅ နေ့မှာ ၅ ကျပ်တန်နဲ့ ၁ဝ တန်တွေရိုက်နှိပ်ပါတယ်။ ၁၉၉၈ ထဲမှာ ၁ဝဝဝ တန် ငွေစက္ကူတွေရိုက်ပါတယ်။ ၂ဝဝ၄ ခုနှစ်ထဲမှာ ၂ဝဝ၊ ၅ဝဝ နဲ့ ၁ဝဝဝ တန်တွေကို အရွယ်အစားသေးလိုက်ပါတယ်။ ၁-၁ဝ-၂ဝဝ၉ နေ့မှာ ၅ဝဝဝ တန် ငွေစက္ကူသစ်တွေထုတ်တယ်။ ၁၅-၆-၂ဝ၁၂ နေ့မှာ ၁ဝဝဝဝ တန်ငွေစက္ကူတွေထုတ်တယ်။
Foreign Exchange Certificates (FEC) ခေါ်တဲ့ ဒေါ်လာတုငွေစက္ကူတွေကို ၁၉၉၃ မှာစထုတ်ပါတယ်။ ၂ဝ-၃-၂ဝ၁၂ နေ့မှာ FEC တွေကို တဖြေးဖြေးရုပ်သိမ်းမယ်လို့ကြေညာခဲ့တယ်။ ၂ဝ-၃-၂ဝ၁၃ နေ့မှာ FEC ကိုရုပ်သိမ်းလိုက်တယ်။
မြန်မာပြည်မှာသုံးတဲ့ ငွေစက္ကူတွေသမိုင်းဟာ နိုင်ငံရေးသမိုင်းနဲ့ မြန်မာစာသမိုင်းလည်းဖြစ်တယ်။ ရုပ်ပုံတွေနဲ့ သတ်ပုံတွေဟာ အုပ်စိုးတဲ့အစိုးရတွေရဲ့ အတွင်းသဘောကို ဖော်ပြနေတယ်။ ငွေစက္ကူတွေပေါ်က ဗိုလ်ချုပ်အောင်ဆန်းပုံတွေ ကွယ်ပျောက်ခဲ့ရပြီး၊ သတ်ပုံ (တ) နေရာမှာ (တစ်) တွေဖြစ်လာတယ်။
Pictures on Kyat ကျပ်ငွေပေါ်ကပုံများသမိုင်း
• ၃ဝ-၄-၁၉၆၅ = ဗိုလ်ချုပ်ပုံပါ ၁ ကျပ်တန် စတင်ထုတ်ဝေသည်။
• ၁၉၆၅ = ဗိုလ်ချုပ်ပုံ ၅ ကျပ်တန်၊ ဗိုလ်ချုပ်ပုံ ၁ဝ တန်၊ ဗိုလ်ချုပ်ပုံ ၂ဝ တန်၊
• ၃၁-၁ဝ-၁၉၇၂ = ဗိုလ်ချုပ်ပုံ ၁ ကျပ်တန်
• ၃၁-၁ဝ-၁၉၇၃ = ဗိုလ်ချုပ်ပုံ ၅ ကျပ်တန်
• ၃ဝ-၆-၁၉၇၃ = ဗိုလ်ချုပ်ပုံ ၁ဝ တန်
• ၁-၈-၁၉၈၆ = ဗိုလ်ချုပ်ပုံ ၁၅ ကျပ်တန်
• ၃-၁၁-၁၉၈၅ = ဗိုလ်ချုပ်ပုံ ၂၅ ကျပ်တန်
• ၁-၈-၁၉၈၅ = ဗိုလ်ချုပ်ပုံ ၃၅ ကျပ်တန်
• ၂၂-၉-၁၉၈၇ = သခင်ဖိုးလှကြီးပုံ ၄၅ ကျပ်တန်
• ၁၉၇၉ ဇူလိုင်လ = ဗိုလ်ချုပ်ပုံ ၅ဝ ကျပ်တန်
• ၁ဝ-၁၁-၁၉၈၅ = ဗိုလ်ချုပ်ပုံ ၇၅ ကျပ်တန်
• ၂၂-၉-၁၉၈၇ = ဆရာစံပုံ ၉ဝ ကျပ်တန်
• ၁-၈-၁၉၈၆ = ဗိုလ်ချုပ်ပုံ ၁ဝဝ တန်
• ၁-၃-၁၉၉ဝ = ၁ ကျပ်တန် = ဗိုလ်ချုပ်ပုံဖြင့် နောက်ဆုံးထုတ်ဝေခြင်း။
ခြင်္သေ့ပုံပါ ငွေစက္ကူများ
• ၃၁-၁ဝ-၁၉၉၆ = ခြင်္သေ့ပုံ ၁ ကျပ်တန် စတင်ထုတ်ဝေသည်။
• ၁၉၉၇ = ခြင်္သေ့ပုံ ၅ ကျပ်တန်၊ ခြင်္သေ့ပုံ ၁ဝ တန်၊
• ၂၇-၃-၁၉၉၄ = ခြင်္သေ့ပုံ ၂ဝ တန်
• ၁၉၉၇ = ခြင်္သေ့ပုံ ၅ဝ တန်
• ၂၇-၃-၁၉၉၄ = ခြင်္သေ့ပုံ ၁ဝဝ တန်
• ၁၁-၁၂-၂ဝဝ၄ = ခြင်္သေ့ပုံ ၂ဝဝ တန်
• ၁ဝ-၁ဝ-၂ဝဝ၄ = ခြင်္သေ့ပုံ ၅ဝဝ တန်
• ၁၉၉၈ နိုဝင်္ဘာ = ခြင်္သေ့ပုံ ၁ဝဝဝ တန်
• ၁၁-၁ဝ-၂ဝဝ၄ = ခြင်္သေ့ပုံ ၁ဝဝဝ တန်နောက်ဆုံးထုတ်ဝေသည်။
နောက်ဆုံးထုတ် ငွေစက္ကူများ
၁-၁ဝ-၂ဝဝ၉ = ဆင်ဖြူတော်ပုံ ၅ဝဝဝ တန်၊
၁၅-၆-၂ဝ၁၄ = နိုင်ငံတော်တံဆိပ် + မန္တလေးကျုံးပုံပါ ၁ဝဝဝဝ တန်။
ပုံများ = ဗိုလ်ချုပ်ပုံပါ ပဌမဆုံးနှင့် နောက်ဆုံး ၁ ကျပ်တန်ငွေစက္ကူများ
(ကွဲလွဲချက်တွေ့လာပါရင် ရေးထားတာကိုပြင်ပါမယ်။)
No comments:
Post a Comment